ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 11,2020
မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်းတို့ ပူးပေါင်း၍ လူငယ်ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၉)ရပ်ကွက်၊ ကျော်သူလမ်းရှိ တြိရတနရက္ခိတဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 11,2020
ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသံထွက်စာဖတ်ခြင်းသင်တန်းကို ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ်သည်။
Mar 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျေးလက်နေပြည်သူများ အိမ်တွင်းမှုအတတ်ပညာများဖြင့် တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်း အထောက်အကူဖြစ်လာစေရန်၊ ကုန်ကျစရိတ် နည်းနည်းဖြင့် မုန့်မျိုးစုံကို ပြုလုပ်နိုင်စေရန်နှင့် အမျိုးသမီးများဘဝ မြင့်မားတိုးတက်စေရန်အတွက် ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်း၍ ရပ်ရွာအခြေပြု မုန့်မျိုးစုံ ပြုလုပ်နည်း သင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ဖွင့်လှစ်ခဲ့သည်။
Mar 11,2020
မိတ္ထီလာမြို့နယ်၌ ကလေးများအတွက် သင်ကြားသင်ယူမှု ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး၊ Upper KMN မှ KG နှင့် မူကြိုကလေးများအတွက် လည်ပတ်ရန်ပုံငွေများ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Mar 11,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မြို့နယ်မီးသတ်ဦးစီးဌာနတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး(ဆင့်ပွား) အသိပညာပေး ရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မင်းဘူးမြို့ မီးသတ်ဦးစီးဌာနတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Mar 11,2020
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက် ၉ နာရီက စတင်ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးအတွင်း စာစစ်ဌာန(၁၇၁)ဌာန ဖွင့်လှစ်ထားရှိပြီး အတွင်းဖြေ/အပြင်ဖြေ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၈၄၉၈၁)ဦး ဖြေဆိုကြောင်း သိရသည်။
Mar 11,2020
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက ဖွင့်လှစ်သည့် ဝင်ငွေရစက်မှုကုန်ကြမ်းသီးနှံ ဝဥ၊ ပီလောပီနံနှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်နိုင်မှု နည်းပညာပေး သင်တန်းကို ယနေ့ နံနက်က ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၌ ဖွင့်လှစ်သည်။
Mar 11,2020
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် နွေရာသီကျောင်းပိတ်ရက်များ၌ အခြေခံသင်တန်း(၃)ခုကို ဖွင့်လှစ်သင်ကြားပေးသွားဖြစ်ကြောင်း သိရသည်။