Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ပွင့်ဖြူမြို့နယ် ပုသိမ် - မုံရွာကားလမ်းတွင် ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား
Mar 12,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ပုသိမ် - မုံရွာကားလမ်းတွင် ယနေ့ နံနက် ၆ နာရီအချိန်ခန့်က ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ဆရာတော်တစ်ပါး အခင်းဖြစ်ရာနေရာ၌ ပျံလွန်တော်မူကာ၊ အမျိုးသမီးတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံး သွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် မဲဇလီနယ်မြေရဲကင်းစခန်းမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် အားကစားနည်း (၅) မျိုး သင်တန်းဖွင့်လှစ်
Mar 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အားကစားကို စိတ်ပါဝင်စားသူလူငယ်များအတွက် အခြေခံအားကစားနည်းသင်တန်း (၅) မျိုးကို မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အောင်ဆန်းသူရိယလှသောင်း အားကစားခန်းမတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်မြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်
Mar 12,2020
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မြန်မာနိုင်ငံတဝန်းရှိ စာဖြေဌာန အသီးသီးတွင် တပြိုင်တည်း ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် စာဖြေဌာန(၁၀)ခုရှိပြီး အဆိုပါစာဖြေဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ မတ် ၁၂ ရက် (ဒုတိယ)နေ့ အင်္ဂလိပ်စာဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ် လမ်းအန္တရာယ်နှင့် ပတ်သက်၍ စိတ်အနှောင့်အယှက် မရှိစေရေး၊ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရန် အထူးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ်၊ ယင်းယိုကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကျင်းပ
Mar 12,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ယင်းယိုကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါက် မတ် ၁၂ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မြန်မာနိုင်ငံတဝန်းရှိ စာဖြေဌာန အသီးသီးတွင် တပြိုင်တည်း ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် စာဖြေဌာန(၁၀)ခုရှိပြီး အဆိုပါစာဖြေဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ မတ် ၁၂ ရက် (ဒုတ
Mar 12,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ သိကြားဘုရားကုန်းတွင် မတ်လ(၇)နေ့ ညပိုင်းကဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုနှင့် သင်္ဃန်းကြီးကျေးရွာအုပ်စု ကံကွင်းကျေးရွာတွင် မတ်လ(၈)ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုတို့ကြောင့် မီးဘေးသင့်ခဲ့ သည့် အိမ်ထောင်စု (၃)စုအတွက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဦးမြို့နယ် ရွှေဒါးကျကျေးရွာ၌ နေကြာမျိုးအထွက် ယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကျင်းပ
Mar 12,2020
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ရွှေးဒါးကျကျေးရွာရှိ တောင်သူ ဦးသောင်းညွှန့်၏ ကွင်းအမှတ် ၁၉၂၆ ဦးပိုင် ၅၆၇တွင် DOA နှင့် DAR တို့ ပူးပေါင်းဆောင်ရွက်သည့် အလားအလာကောင်း နေကြာမျိုးများဖြစ်သော ရေဆင်းစပ်မျိုး ၁၊ ရေဆင်းစပ်မျိုး ၂၊ ဆင်းရွှေကြာ ၂၊ နေကြာမျိုး အထွက်ယှဉ်ပြိုင်စမ်းသပ်ကွက်ကို ယနေ့ နံနက် ၉ နာရီအချိန်က ကွင်းသရုပ်ပြသခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ပညာရေး ကြီးကြပ်မှုကော်မတီမှ ကိုယ်ပိုင်ကျောင်းများအား ကွင်းဆင်းစစ်ဆေး
Mar 12,2020
အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ပညာရေး ကြီးကြပ်မှုကော်မတီမှ ယမန်နေ့ မွန်းလွဲ၂နာရီက ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကိုယ်ပိုင်ကျောင်းများနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကနီမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်လှစ်
Mar 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ညနေ (၃) နာရီက ကနီမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
330
Page
331
Page
332
Page
333
Current page
334
Page
335
Page
336
Page
337
Page
338
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department