Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ဆားလင်းကြီးမြို့တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲကျင်းပ
Mar 13,2020
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ဆားလင်းကြီး) အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက အဆိုပါ သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာ(၂၁၈၆)ဦး ဖြေဆို
Mar 13,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာနေ့တွင် (၂၁၈၆) ဦး ဖြေဆိုကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်
Mar 13,2020
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှစ၍ မြန်မာ တစ်နိုင်ငံ လုံးတွင် ဖြေဆိုလျက်ရှိရာ ဂန့်ဂေါမြို့နယ်တွင် စာဖြေဌာန(၁၃)ခုရှိပြီး မတ် ၁၃ ရက်တွင် (တတိယ)နေ့ သင်္ချာဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရန်အတွက် တာဝန်ရှိသူများ ဂရုစိုက်ကြပ်မတ်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း) တွင် (ကိုရိုနာဗိုင်းရပ်စ်) နှင့်ပတ်သက်၍ အသိပညာပေး ဟောပြော
Mar 13,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အဆုတ်ရောင်ရောဂါ (ကိုရိုနာဗိုင်းရပ်စ်) နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီ (၁၅) မိနစ်အချိန်က အဆိုပါကျောင်းရှိ စုဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ အဆင့်မြင့်စက်ချုပ် သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲကျင်းပ
Mar 13,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ကော့သောင်းမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ ကော့သောင်းခရိုင်၊ အုပ်ချုပ်ရေးမှူး ဦးနေဦး တက်ရောက် သင်တန်းဆင်းအမှာစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်
Mar 13,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် မြို့တွင်း လမ်းများ အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့၌ COVID-19 ဗိုင်းရပ်စ် (အဆုတ်ရောင်ရောဂါ) အကြောင်း အသိပညာပေး ဟောပြော
Mar 13,2020
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့၌ COVID-19 ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်ရောဂါ) အကြောင်း အသိပညာပေး ဆွေးနွေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပေါက်ခေါင်းမြို့ အမှတ် ၁ ရပ်ကွက် ဗုဗ္ဗာရုံ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး အဆောက်အဦသစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ
Mar 13,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြိုနယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူး ရုံးသစ်အဆောက်အဦ ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်၊ ယုဇလမ်းရှိ အဆိုပါ ရုံးသစ် ဆောက်လုပ်မည့် မြေနေရာတွင်ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ တိုင်းဒေသကြီး တာဝန်ရှိသူများနှင့် မြို့နယ်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
323
Page
324
Page
325
Page
326
Current page
327
Page
328
Page
329
Page
330
Page
331
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department