Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
နတ်စိမ်းကျေးရွာ အ.မ.က၌ ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ ပြုလုပ်
Mar 15,2020
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့သာကျေးရွာအုပ်စု နတ်စိမ်းကျေးရွာ အခြေခံပညာ မူလတန်း ကျောင်းဝင်းအတွင်း၌ ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးမြို့အဝေးပြေးယာဉ်ရပ်နားစခန်း ကွပ်ကဲရေးရုံး၌ ကျန်းမာရေးဌာနမှ အသိပေးချက်များကို လိုက်နာဆောင်ရွက်ပေးနိုင်ရေး အသိပေး နှိုးဆော်ပြောကြားပေးနိုင်ရန် ဆွေးနွေး
Mar 15,2020
မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းသည် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများလိုက်ပါကာ ယနေ့နံနက် ၁၀ နာရီက မကွေးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်း ကွပ်ကဲရေးရုံး၌ မော်တော်ယာဉ်ကြီးကြပ်မှုကော်မတီများ၊ မော်တော်ယာဉ် ဂိတ်ပိုင်၊ ဂိတ်မှူးများ၊ ယာဉ်မောင်းများနှင့် တွေ့ဆုံကာ ခရီးသွားပြည်သူများ အနေဖြင့် လတ်တလော အသက်ရှူလမ်းကြောင်းရောဂါဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ အန္တရာယ်တစ်စုံတစ်ရာ မရရှိစေရေး ကျန်းမာရေးဌာနမှ အသိပေးချက်များကို လိုက်နာဆောင်ရွက်ပေးနိုင်ရေး အသိပေး နှိုးဆော်ပြောကြားပေးနိုင်ရန် ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆောမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများအား မြေပြင်ကွင်းဆင်းစစ်ဆေး
Mar 15,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်လျက် ရှိသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေး လုပ်ငန်းများကို မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်တည်ဆောက်ရေး ကြီးကြပ်မှု ကော်မတီဝင်များသည် ယမန်နေ့က မြေပြင်ကွင်းဆင်း စစ်ဆေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ်၌ကမ္ဘာ့စားသုံးသူများနေ့အထိမ်းအမှတ်လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 15,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် စည်ပင်သာယာဈေးအတွင်း၊ ဈေးအပြင်ရှိ ဒေသခံပြည်သူများအား ယနေ့နံနက် ၈ နာရီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ကမ္ဘာ့စားသုံးသူများနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကြို့ပင်ကောက်မြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့လှုပ်ရှားမှုဆောင်ရွက်
Mar 15,2020
မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (WCRD Campaign) လှုပ်ရှားမှုအဖြစ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့မစည်ပင်သာယာဈေးနှင့် လူစည်ကားရာနေရာများတွင် ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် တည်ဆောက်မည့် လုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 15,2020
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် တည်ဆောက်မည့် လုပ်ငန်းစီမံကိန်းများ နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက အောင်မြေသာစံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စာရေးဆရာကြီး ဇေယျ၏ နှစ်(၁၂၀)ပြည့် အထိမ်းအမှတ် ဂုဏ်ပြုရုပ်တုဖွင့်ပွဲ မြန်မာ့မျက်ပွင့် စာကြည့်တိုက်တွင် ပြုလုပ်
Mar 15,2020
နိုင်ငံကျော်စာရေးဆရာကြီး ဇေယျ(ဦးယော)၏ နှစ်(၁၂၀) ပြည့်အထိမ်းအမှတ် ဂုဏ်ပြုရုပ်တုဖွင့်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ရန်ကုန်-ပြည်ကားလမ်းရှိ မြန်မာ့မျက်ပွင့် စာကြည့်တိုက်တွင် ယနေ့နံနက် ၉နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးမှ အုတ်ဖိုမြို့ နေအိမ်(၄)လုံမီးလောင်မှုတွင် မီးငြှိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
Mar 15,2020
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့လှုမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးမှ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ အ-ထ-က ကျောင်းအနီး နေအိမ်(၄)လုံမီးလောင်မှုတွင် မီးငြှိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း အခမ်းအနားကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀နာရီအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
311
Page
312
Page
313
Page
314
Current page
315
Page
316
Page
317
Page
318
Page
319
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department