Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ရွှေတောင်မြို့နယ်၌ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 17,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၃နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘုတလင်မြို့တွင် COVID-19 ရောဂါ ကင်းဝေးစေရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်
Mar 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ မြို့မဈေးရှိ ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့် အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘများအား ယမန်နေ့ နံနက်ပိုင်းက COVID-19 ရောဂါ ကင်းဝေးစေရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းဇဲကျေးရွာတွင် လေပြင်းဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Mar 17,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမော်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းလွင်တို့သည် မြို့နယ်အတွင်း လေပြင်းဘေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ကွမ်းဇဲကျေးရွာ၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ် ၁၁၇၀ ဦးဝင်ရောက်ဖြေဆို
Mar 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒ ဘာသာရပ်ဖြေဆိုရန် ပျက်ကွက်သူ (၆၇)ဦး ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကနီမြို့၌ အသက် (၈၅)နှစ် အထက် သက်ကြီးဘိုးဘွား (၆၅၇) ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေး ပေးအပ်ပွဲ ကျင်းပ
Mar 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၆၅၇) ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေး ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့ မင်္ဂလာဈေး၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ
Mar 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ မင်္ဂလာဈေး၌ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ သိရှိ လိုက်နာစေရေး ယနေ့ နံနက် ၇ နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ဝေသည့် အသိပညာပေး လက်ကမ်းစာစောင်ကို လက်ဝယ်ရောက်ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ်တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ထိန်းချုပ် ကာကွယ်နိုင်စေရေး တို့အတွက် မြို့နယ်စောင့်ကြည့် စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီ ဖွဲ့စည်း
Mar 17,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် COVID-19 ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေး အတွက်၊ ရောဂါကြိုတင်ကာကွယ်ရေး၊ ပြည်သူလူထုသို့ အသိပညာပေးရေး လုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်ရန်နှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဌာနဆိုင်ရာ များနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မြို့နယ်စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီကို၊ ယမန်နေ့ က ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Mar 17,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အကောင်ထည်ဖော် ဆောင်ရွက်မည့် မြို့နယ်အတွင်းရှိ ကျေးရွာ (၁၄) ရွာအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပ သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
299
Page
300
Page
301
Page
302
Current page
303
Page
304
Page
305
Page
306
Page
307
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department