ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 18,2020
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၈) ရပ်ကွက် တဂေါင်းဘုရားလမ်း၊ အဘယသီဝံ (ရွှေကျင်) တိုက်သစ်ကျောင်းရှိ ဘက်စုံလူမှုကူ ညီရေးအဖွဲ့ (ပုသိမ်)မှ ပြည်သူ့အကျိုးပြု လူမှုကူညီ​ရေးလုပ်ငန်းများကို အဆိုပါ ကျောင်းတိုက်မှ ဦးစီးပဓာနလမင်းတစ်ရာဘက်စုံ ပရဟိတ ဆရာတော် ဘဒ္ဒန္တစန္ဒာသီရိမှ လမ်းညွှန်မှုဖြင့်
Mar 18,2020
ဧရာဝတီတိုင်း​ဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ မြို့မဈေးကြီးအတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေး ဝန်ထမ်းများ စုပေါင်းပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မတ်လ ၁၇ ရက် နံနက် ၉ နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 18,2020
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်က စတင်ဖြေဆိုခဲ့ရာ ယနေ့ သတ္တမနေ့တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုကြရာ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် စာစစ်ဌာန (၁၀) ခုတွင် ဇီ
Mar 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နွေရာသီကာလအတွင်း သောက်သုံးရေ ရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်လာပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရုံးဖုန်းနံပါတ်၊ ဝန်ထမ်းများ၏ ဖုန်းနံပါတ်များသို့ အချိန်နှင့်တ‌စ်ပြေးညီ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်သူမင်းထံမှသိရသည်။
Mar 18,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စု၊ ကန်ရွာကျေးရွာရှိ ဒေသခံ ကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေပြတ်လပ်မှုမဖြစ်စေရေးအတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများက အဆိုပါကျေးရွာသို့ ကွင်းဆင်းသွားရောက်ပြီး သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေး ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
Mar 18,2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) (COVID-19) ကို ကာကွယ်ထိန်းချုပ်နိုင်စေရန် ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူပေါင်း၍ ပတ္တမြားဈေးနှင့် လူစည်ကားရာနေရာများသို့ အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၁ဝ နာရီက ပြုလုပ်သည်။
Mar 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင်၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ဇီဝဗေဒဘာသာ (၄၆၂) ဦး၊ ဘောဂဗေဒဘာသာ (၁၆၇၉) ဦး ဖြေဆိုကြောင်း သိရသည်။
Mar 18,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကာကွယ်ရေး လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ကျွန်းစုမြို့၊ မြို့မဈေးနှင့် မြို့အဝင် ဆိပ်ကမ်း၌ ပြည်သူများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။