Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ဟားခါး၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေကို လိုက်နာမှုမရှိဘဲ မော်တော်ယာဉ်မောင်းနှင်သွားလာသူများအား ဥပဒေနှင့်အညီစတင်အရေးယူ
Aug 07,2020
ချင်းပြည်နယ် ဟားခါးမြို့အတွင်း စီးနင်းလျက်ရှိသော မော်တော်ယာဉ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေးနှင့် ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးရည်ရွယ်၍ အသစ်ထုတ်ပြန်ထားသည့် မော်တော်ယာဉ်များ မောင်းနှင်နေစဉ် လိုက်နာရမည့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေအသစ်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း မရှိသူများအား အရေးယူဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းတွင် ဟားခါးမြို့၊ ဗိုလ်ချုပ် လမ်းမကြီးတစ်လျှောက်တွင် အမှတ်(၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး (ဟားခါး)မှ စတင်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့အတွင်းရှိ ရေမြောင်းများတွင် ရေစီးရေလာကောင်းမွန်ရေးနှင့် အနံ့အသက်ပျောက်ကင်း၍ ပိုးလောက်လန်းများ မရှိစေရန် မြောင်းရှင်းလင်းခြင်းနှင့် ဆေးခတ်ခြင်းများ ဆောင်ရွက်
Aug 07,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့အတွင်းရှိ ရေမြောင်းများတွင် ရေစီးရေလာ ကောင်းမွန်ရေး နှင့် အနံ့အသက်ပျောက်ကင်း၍ ပိုးလောက်လန်းများ မရှိစေရန်အတွက် ခန္တီးမြို့ စည်ပင် သာယာ ရေး ကော်မတီ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် ခရိုင်/ မြို့နယ် လူငယ်ရေးရာ ကော်မတီ ပူးပေါင်းပြီး သြဂုတ်လ ၆ ရက်နေ့ တွင် မြောင်းရှင်းလင်းခြင်း နှင့် ဆေးခတ်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဇွာ၌ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်
Aug 07,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခိုင်ကမ်းမြို့တွင် အခြေခံငါးမွေးမြူရေးပညာပေးသင်တန်း ဒုတိယအကြိမ် ဖွင့်လှစ်ပို့ချ
Aug 07,2020
ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ပြည်နယ်အတွင်း ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဒေသနေပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန် ရည်ရွယ်ပြီး အခြေခံငါးမွေးမြူရေးသင်တန်းကို ယနေ့နံနက် ၈ နာရီက ပြည်နယ်ငါးလုပ်ငန်းစခန်း (ခိုင်ကမ်း)၌ ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု(၇၃၅၂)စုအား ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်
Aug 07,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရရှိသော အခြေခံလူတန်းစားများ စားဝတ်နေရေး အခက်အခဲမရှိစေရေး အတွက် အခြေခံစားသောက်ကုန်ပစ္စည်(၅)မျိုး ထောက်ပံ့ပေးအပ်ပေးအပ်ခဲ့ပြီးဖြစ်ရာ အကြောင်း မျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် ငွေကျပ်(၁၅,၀၀၀)နှုန်းဖြင့် ပြန်လည်ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်အဖြစ် နိုင်ငံတော်အစိုးရမှ တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀,၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၄၇,၀၄၀,၀၀ဝိ/-)သိန်းကို အိမ်ထောင်စု (၇၃၅၂)စုအား ပြန်လည်ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သိုင်းငင်းကျေးရွာ တီးတိန်-ကလေး ကားလမ်းအနီးတွင် မြေပြိုမှုဖြစ်ပွား
Aug 07,2020
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သိုင်းငင်းကျေးရွာ တီးတိန်-ကလေး ကားလမ်းအနီး မိုင်တိုင် အမှတ် ၃၀/၂ နှင့် ၃၀/၃ အကြားတွင် ပေ ၃၀၀ ခန့်မြေပြိုမှု ဖြစ်ပွားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာပြီး (၁၂) ရက်အတွင်း လာရောက်ကြည့်ရှု သူ (၇၂၀၅) ဦးရှိ
Aug 07,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်းကို (၁၂) ရက် အတွင်းပြည်သူများ စိတ်ဝင်စားစွာ လာရောက်ကြည့်ရှုကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ပွဲရှောင်စခန်းများသို့ မိုးရာသီသုံး လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်း
Aug 07,2020
ချင်းပြည်နယ် ဆမီးမြို့ရှိ တိုက်ပွဲရှောင်စခန်းများသို့ မိုးရာသီသုံး လူသုံးကုန်ပစ္စည်းများကို သြဂုတ်လ (၅)ရက်နေ့က မျှော်လင့်ခြင်းတောင်ပံပရဟိတအသင်းက လာရောက် လှူဒါန်းကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
256
Page
257
Page
258
Page
259
Current page
260
Page
261
Page
262
Page
263
Page
264
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department