ဝေးလံခေါင်ဖျားဒေသသတင်းများ

Aug 17,2020
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ပံ့ပိုးမှု၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ၏ ပူးပေါင်းမှုဖြင့် ဖွင့်လှစ်သော COVID-19 Relief Package (2) ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွန်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကန်ပက်လက်မြို့ အ.ထ.က (ဇလပ်ဝါ)ခန်းမ၌ ယနေ့နံနက် ၈ နာရီက ပြုလုပ်သည်။
Aug 17,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၊ တိန်ကောက်ကျေးရွာတွင် နယ်မြေလုံခြုံရေးအခြေအနေအရ နီးစပ်ရာ မြစ်ကြီးနားမြို့ ကဘူဒမ်ကျေးရွာသို့ ယာယီပြောင်းရွှေ့ နေထိုင်ခဲ့ကြသော အိမ်ထောင်စု ၁၆ စုကို ယခုအခါ နယ်မြေအေးချမ်း တည်ငြိမ်လာပြီဖြစ်၍ မူလနေရပ်သို့ ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ရန် ဩဂုတ်လ(၁၅) ရက်နေ့ မွန်းလွဲ(၁၂)နာရီက သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
Aug 17,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူငွေများကို ယမန်နေ့နံနက်(၁၀)နာရီတွင် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဌာနဆိုင်ရာများအဖွဲ့ခွဲ၍ သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
Aug 17,2020
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၁) နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 17,2020
ချင်းပြည်နယ်၊ မတူပီမြို့ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးနှင့် အချိန်မီကုသနိုင်ရန် ပြည်ပမှပြန်လာသူ နေရပ်ပြန်များအတွက် မိုးလုံလေလုံအားကစားရုံ၌ Facility Quarantine ခံယူနေစဉ်အတွင်း လိုက်နာရမည့် စည်းကမ်းချက်များနှင့် စပ်လျဉ်းသည့် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ အသိပညာပေးခြင်းကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါ အားကစားရုံ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 17,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီခွဲက ဘန်ရူခန်းမ၌ ကျင်းပခဲ့သည်။
Aug 16,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကိုဗစ်-၁၉ စီးပွားရေး ကုသမှု
Aug 16,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ အ​ခြေခံပညာ အထက်တန်း​ကျောင်းတွင် ဖွင့်လှစ် လျက်ရှိသည့် Grade-4 သင်ရိုးသစ် မြို့နယ်အဆင့် (နောက်ဆက်တွဲ) သင်တန်း၌ ကိုဗစ်-၁၉ ​ရောဂါကာကွယ်ထိန်းချုပ်​ရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ကျန်းမာ​ရေး အသိပညာ​ပေး ​ဆွေး​နွေးခြင်းကို ယ​နေ့နံနက်(၉) နာရီ အချိန် က ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။