ဝေးလံခေါင်ဖျားဒေသသတင်းများ

Aug 21,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ တစ်အိမ်ထောင် လျှင် ငွေကျပ်(၂ဝ၀၀၀)နှုန်းဖြင့် ထပ်မံ ထောက်ပံ့ပေးအပ်သည့်ငွေများကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
Aug 21,2020
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်အတွင်းရှိ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် လူရည်ချွန်ရရှိသည့် မောင်မယ် များကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်း ကျန်စစ်သားခန်းမ၌ ဂုဏ်ပြုပွဲ အခမ်း အနားပြုလုပ်သည်။
Aug 21,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဟားခါးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနက စာရင်းဇယားများ မှန်ကန်စွာဆောင်ရွက်နိုင်ရေး၊ ရန်ပုံငွေဆုံးရှုံးမှု မရှိ​စေရေးနှင့် အတိုးနှုန်းများ မှန်ကန်စွာ ကောက်ခံရရှိစေရေးရည်ရွယ်၍ ဟားခါးမြိုနယ်အတွင်းရှိ မြစိမ်းရောင် ကျေးရွာစီမံကိန်းဝင် ကျေးရွာများမှ ကော်မတီဝင်များ၏ တတိယအဖွဲ့မွမ်းမံသင်တန်းကို သြဂုတ်လ ၂၁ ရက်နေ့က ဟားခါးမြို့၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Aug 21,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် HPV (Human Papilloma Virus) သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ် ဆေးထိုးနှံပေးနိုင်ရေးအတွက် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန ကျန်းမာရေး ဝန်ထမ်းများက လိုက်လံစာရင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။
Aug 21,2020
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုက‌ရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှု ရှိစေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကျန်ရှိမှုမရှိစေရေးအတွက် တစ်အိမ်တက် တစ်အိမ်ဆင်း (Door to Door)စနစ်ဖြင့် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့ပေါ်ရှိ ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 21,2020
မင်းတပ်ခရိုင်အတွင်းရှိ ၂၀၁၉−၂၀၂၀ ပညာသင်နှစ် လူရည်ချွန်ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အထက(၁)ခန်းမ၌ အားကစား နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။
Aug 21,2020
တီးတိန်-တွန်းဇံ-ကျီခါးလမ်း (တွန်းဇံ-ကျီခါးလမ်း)ကြားတွင် ကုန်တင်ယာဉ်ကြီးများနှင့် ကားကြီးများ မောင်းနှင် သွားလာမှုကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ(၂၁)ရက်နေ့မှ စတင်ပြီး ယာဉ်ကြီးများ (၃တန်နှင့် အထက်ယာဉ်များ) သွားလာမှုကို ခေတ္တပိတ်ဆို့ထားမည်ဖြစ်ကြောင်း တွန်းဇံမြို့နယ် လမ်းဦးစီးဌာနမှ သိရသည်။
Aug 21,2020
ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်(ဝက်၊ အမဲနှင့် မြို့ဝင်ဘီးခွန်)အား ချိတ်ပိတ် တင်ဒါစနစ်ဖြင့် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။