ဝေးလံခေါင်ဖျားဒေသသတင်းများ

Jun 14,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက်ပိုင်းက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော “အသိနှင့် ပညာ”စာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်း ပြုလုပ်ကြောင်း သိရသည်။
Jun 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ရှိ မြို့ပေါ်ရပ်ကွက်များတွင် ပိုးလောက်လန်း ကာကွယ်နှိမ်နှင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ယမန်နေ့ညနေ(၃)နာရီက  မြို့မအားကစားကွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Jun 12,2021
သံတွဲခရိုင်၊ သံတွဲမြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်(၂၀၂၁)ခုနှစ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို  သံတွဲမြို့ အံတော်ကျေးရွာ ရွှေအံတော်စေတီ အနီးတွင် ယနေ့နံနက်၈ နာရီက ကျင်းပပြုလုပ်သည်။
Jun 12,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ COVID-19 ရောဂါ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ပြု လုပ်ခြင်းနှင့် ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။
Jun 12,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အဆင့် COVID-19 ထိန်းချုပ်၊ ကာကွယ်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jun 12,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝေးလံခေါင်ဖျားသော သစ်တုံးနားကျေးရွာ အုပ်စုရှိ ကျေးရွာများမှ  (မြို)တိုင်းရင်းသားများအား ယမန်နေ့နံနက် ၉ နာရီခွဲခန့်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အဆိုပါ ရုံးတွင်ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
Jun 11,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့ခရိုင်၊ မိုင်းစံမြို့ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး ခြင်း/တိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။