Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
မတူပီမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများအား ထောက်ပံ့ငွေ ပေးအပ်
Sep 25,2020
ချင်းပြည်နယ်၊ မတူပီမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်း များအား ထောက်ပံ့ငွေများ ထပ်ဆင့်ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလုံမြို့ ကန့်ကန်ကျေးရွာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက် (၂)နှစ် ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်
Sep 25,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၊ ကန့်ကန်ကျေးရွာအုပ်စု ကန့်ကန်ကျေးရွာတွင် လူမှုဝန်ထမ်း ဦးစီးဌာန၏ (MCCT) အစီအစဉ် အရ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ် များအား ငွေကြေးထောက်ပံ့ခြင်းကို ယမန်နေ့မွန်းလွဲ (၃)နာရီခန့်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါး၌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ (၁/၂၀၂၀) အစည်းအဝေး ကျင်းပ
Sep 25,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အငြင်းပွားမှု၊ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်တိုအတွင်း ညှိနှိုင်းဆောင်ရွက်ဖြေရှင်းနိုင်ရေးအတွက် ဟားခါးခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ (၁/၂၀၂၀) အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်တွင် ဟားခါးခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဟားခါးခရိုင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဦးလျန်ဟေး၊ အတွင်းရေးမှူး ဒေါ်ချိုခိုင်ဦးနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ပက်လက်မြို့ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ Take Away စနစ်ဖြင့် ပြန်လည်ရောင်းချပေး
Sep 25,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ စားသောက်ဆိုင်များ လက်ဖက်ရည်ဆိုင် များကို Take Away စနစ်ဖြင့််ရောင်းချစေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့နယ်၌ Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး
Sep 25,2020
နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလစီးပွားရေး ကုစားမှုအစီအစဉ် Covid-19 Economic Relief Plan(CERP)အရ ကျေးလက်ဒေသနေ မိသားစုများ၀င်ငွေလျော့နည်းလာမှုနှင့် စား၀တ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန ကချင်ပြည်နယ် ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash For Workစီမံကိန်းဖြင့် ကျေးရွာငါးရွာတွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုဘေးသင့် အိမ်ထောင်စု (၁) စု အတွက် ထောက်ပံ့ငွေများပေးအပ်
Sep 25,2020
ချင်းပြည်နယ်၊ တီးတိန်မြို့၌ စက်တင်ဘာ ၁၅-၁၆ ရက်နေ့များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု (၁)စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တီးတိန်မြို့နယ် ဦးစီးမှူးဦးဇော်လင်းထွေးက ယမန်နေ့ နံနက် ၁ နာရီ တွင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ-တရုတ် အကျိုးတူလူမှုကူညီရေးအသင်း(မုံးကိုး)မှ အခြေခံလူတန်းစားအိမ်ထောင်စု(၁၉)စုအတွက် စားသောက်ကုန်များ ထောက်ပံ့
Sep 25,2020
မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စု(၁၉)စုအတွက် မြန်မာ-တရုတ်အကျိုးတူ လူမှုကူညီရေးအသင်း(မုံးကိုး)က ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲစည်းနှင့် အခြားစားသောက်ကုန် များကို ယနေ့နံနက်(၉)နာရီအချိန်ခန့်က အိမ်တိုင်ရာအရောက်ထောက်ပံ့ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
မင်းတပ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 24,2020
မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
174
Page
175
Page
176
Page
177
Current page
178
Page
179
Page
180
Page
181
Page
182
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department