Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ဖားဆောင်းမြို့နယ်တွင် မိန်းကလေးငယ်များအား အိတ်ချ်ပီဗီကာကွယ်ဆေးစတင်ထိုးနှံပေး
Oct 23,2020
ကယားပြည်နယ်၊ဘောလခဲခရိုင်၊ဖားဆောင်းမြို့နယ်ရပ်ကွက်/ကျေးရွာများ၌ အသက်(၉)နှစ်နှင့် (၁၀)နှစ် မိန်းကလေးငယ်များအား အိတ်ချ်ပီဗီကာကွယ်ဆေးထိုးနှံခြင်းဖြင့် သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားမှုနှုန်း(၉၅)ရာခိုင်နှုန်းကာကွယ်နိုင်ရန်နှင့် ဆောလျင်စွာထိုးနှံခြင်းဖြင့် အစောဆုံး သားအိမ်ခေါင်း ကင်ဆာကာကွယ်မှုရရှိနိုင်စေရန် ရည်ရွယ်၍ အိတ်ချ်ပီဗီပုံမှန် ကာကွယ်ဆေး စတင် ထိုးနှံခြင်းများကို ယနေ့နံနက်(၉)နာရီအချိန်ကရပ်ကွက်/ကျေးရွာများရှိ မိခင်နှင့်ကလေး စောင့်ရှောက်ရေးဌာနများ၊ ကျေးလက်ဆေးပေးခန်းများတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မတူပီမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းဖွင့်လှစ်မည်
Oct 23,2020
မတူပီမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုမဲရုံမှူးတာဝန်ထမ်းဆောင်ကြမည့် သူများအား မဲရုံလုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စေရန် မဲရုံမှူးသင်တန်းကို အောက်တိုဘာလ(၂၅)ရက်နှင့် (၂၈)ရက်ထိ ဖွင့်လှစ်ပို့ချမည် ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုနယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသည့် တံတားများအား ကွင်းဆင်းစစ်ဆေး
Oct 23,2020
နယ်စပ်ရေးရာ၀န်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နယ်စပ်ဒေသများ လမ်းပန်ဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်ရေးဆောင်ရွက် ပေးလျက်ရှိရာ ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ကွပ်ကဲမှုအောက်ရှိ ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးနှင့် အဖွဲ့၀င်များသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့် တံတားများအား ယမန်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့လှမြို့၌ ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ငွေပေးအပ်
Oct 22,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့ပေါ်ရပ်ကွက်များရှိ ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင် မိခင်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ မွန်းလွှဲ ၁ နာရီခွဲတွင် နေအိမ်များသို့အရောက် သွားရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေကျပ် ၅ သိန်းလှူဒါန်း
Oct 22,2020
ဟားခါးပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် အလှူငွေပေးအပ် လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 22,2020
ဟားခါးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့နယ်၌ ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးသူ (၁၂)ဦးရှိပြီဖြစ်
Oct 22,2020
ဟားခါးမြို့နယ်အတွင်းရှိ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များကို အောက်တိုဘာလ ၂၀ ရက်မှ စတင်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးနေပြီဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲ ပေးသူ ၁၂ ဦးအထိရှိလာကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒုမဲရုံမှူး သင်တန်းကို အပတ်စဉ် (၃)ခုခွဲ၍ ဖွင့်လှစ် ပို့ချပေးသွားမည်
Oct 22,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့်ဒုမဲရုံမှူး သင်တန်း အပတ်စဉ်(၃)ခုခွဲ၍ အောက်တိုဘာ ၂၃ ရက်နေ့မှ စတင် ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
117
Page
118
Page
119
Page
120
Current page
121
Page
122
Page
123
Page
124
Page
125
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department