Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ပူတာအိုမြို့နယ်၌ တောင်သူများအား စက်သုံးဆီဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ
Oct 21,2025
ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းရှိ တောင်သူများ ၂၀၂၅-၂၀၂၆ မိုးစပါးရိတ်သိမ်းခြင်းနှင့် ဆောင်းသီးနှံများထွန်ယက်စိုက်ပျိုးရာတွင် အသုံးပြုနိုင်ရန်အတွက် “ဂုဏ်ပွင့်နိုင်” စက်သုံးဆီအရောင်းဆိုင်မှ တောင်သူများအား စက်သုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းအခမ်းအနားကို အောက်တိုဘာ ၂၁ရက် နံနက်၉ နာရီက ပူတာအိုမြို့ မူလာရှီးဒီရပ်ကွက်ရှိ “ဂုဏ်ပွင့်နိုင်” စက်သုံးဆီအရောင်းဆိုင်ရှေ့၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုခရိုင်အတွင်းထွက်ရှိသည့် ပေချီ(ခေါ်)လန်ဘဆေးဥမှာ ယခုနှစ်တွင်ဈေးကောင်းရရှိသဖြင့် ဆေးဥရှာဖွေသူများပြား
Aug 29,2025
မြန်မာပြည်မြောက်ဖျားပိုင်းရှိ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ရှားပါးသဘာဝဆေးမြစ်ဆေးဥများထွက်ရှိသည့် ဒေသတစ်ခုဖြစ်ပြီး ယခုနှစ်များတွင် တရုတ်ဘာသာစကားဖြင့် ပေချီ၊ရဝမ်တိုင်းရင်းသားဘာသာစကားဖြင့် လန်ဘခေါ် ဆေးဥမှာ ဈေးကောင်းရရှိသဖြင့် ရှာဖွေသူများပြားလာကြောင်းသိရသည်။ အဆိုပါ ပေချီ(ခေါ်)လန်ဘဆေးဥများကို ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ ခေါင်လန်ဖူး၊ ပန်နန်းဒင်မြို့နယ်များရှိ ရေခဲတောင်များဖြစ်သည့် ခါကာဘိုရာဇီရေခဲတောင်၊ ဖုန်ရင်ရာဇီရေခဲတောင်၊ ဂန်လန်ရာ ဇီရေခဲတောင်၊ မဒွယ်ရေခဲတောင်၊ ဖုန်ကန်ရာဇီရေခဲတောင်များ၏ ကျောက်ဆောင်၊ ကျောက်ကမ်းပါးယံနှင့်ရေခဲ တောင်ဒေသရှိ စမ်းချောင်းများ၏ ကျောက်ဖျာများတွင် ပေါက်ရောက်လျက်ရှိသော ဆေးတစ်မျိုးဖြစ်သည်။ ၎င်း ပေချီ(ခေါ်)လန်ဘမှာ ကြက်သွန်နီ/ဖြူဥ ပုံသဏ္ဍန်နှင့်တူပြီး အဖြူရောင်၊ ခရမ်းရောင်နှင့် အစိမ်းရောင်ဟူ၍ အရောင်သုံးမျိုးထွက်ရှိသည်ကိုတွေ့ရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ခေါင်လန်ဖူးမြို့၌ ကျောင်းသားကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးလှုပ်ရှားမှုနှင့် အလှူငွေ၊ စာရေးကိရိယာများပေးအပ်လှူဒါန်း
Jul 22,2025
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့တွင် “မြန်မာအားကစား ကမ္ဘာကိုလွမ်းရမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် ကျောင်းသားကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရန်အတွက် ကျောင်းတွင်းအားကစားလှုပ်ရှားမှုတစ်ရပ်ကို ဇူလိုင် (၂၂) ရက် နံနက်ပိုင်းက ခေါင်လန်ဖူးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ပြီး အလှူငွေနှင့်စာရေးကိရိယာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အ-ထ-က(ခွဲ) အထက်ပိုင်ကျုံကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Sep 25,2024
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အ-ထ-က(ခွဲ)အထက်ပိုင်ကျုံကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခိုလမ်တွင် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်းပေး
Jul 10,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ခိုလမ်မြို့ရုံး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့် အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊စာစောင်များကို နယ်လှည့်ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အထူးဒေသ(၄) မိုင်းလားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jul 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ(၄)၊ မိုင်းလားမြို့၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို သိရှိစေရန်နှင့် အာဇာနည်နေ့ကို အစဉ်အမြဲ သတိတရရှိစေရန် ရည်ရွယ်၍ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို ယနေ့တွင် အ.ထ.က(မိုင်းလား)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်
Jun 04,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ၂၀၂၄−၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများအားလုံးက ယမန်နေ့က စတင်ဖွင့်လှစ်ရာ ကျောင်းသား/ ကျောင်းသူများ းပျော်ရွှင်စွာ ပညာသင်ကြားနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခိုလမ်မြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေထုတ်ပေး
May 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၉) နာရီအချိန်က မြန်မာ့စီးပွားရေးဘဏ်တွင် စတင်ထုတ်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
Page
1
Current page
2
Page
3
Page
4
Page
5
Page
6
Page
7
Page
8
Page
9
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department