ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Jul 10, 2024
စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်သည် ပြည်သူတို့ ဗဟုသုတဖြစ်စေရန်နှင့် စာဖတ် အလေ့အကျင့် တိုးပွားစေရန်၊ အတွေးအခေါ်ရင့်သန်လာ၍ ဉာဏ်အမြော်အမြင်ကြီးပွားလာစေရန်၊ နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များထားရှိကာ
Jul 09, 2024
ကျောင်းသားအရွယ်ကလေးငယ်များ မိဘဆရာသမားများကို ရိုသေကိုင်းရှိုင်းရေး၊ အနာဂတ်တွင် နိုင်ငံတော်ကို ဦးဆောင်နိုင်သော လူငယ်များဖြစ်လာစေရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ မြန်မာ့ဓလေ့ထုံးတမ်း အစဉ် အလာများကို မမေ့မပျောက် ထိန်းသိမ်းစောင့်ရှောက်ရေး၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို ကလေးသူငယ်များ ကောင်းစွာ သိရှိနားလည်စေရေးတို့အတွက် ရည်ညွှန်းဖွဲ့ဆိုသော ကဗျာအများစု ပါဝင်သည်။
Jul 09, 2024
လေးလုံးစပ် ကဗျာ၊ ဒွေးချိုးနှင့် လေးဆစ်အချိုးတွဲ ကဗျာများ၊ လေးချိုးကဗျာများ၊ အိုင်ချင်းကဗျာများ၊ မြန်မာကဗျာဖွဲ့နည်းများအတွင်းမှ တီထွင်ဆန်းသစ်ရေးဖွဲ့ထားသည့် ကဗျာအချို့အပြင် အညာ ကျေးလက် အလှကဗျာများ၊ မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းများကို ဖော်ကျူးသည့် ကဗျာများ၊ နိုင်ငံ ချစ်စိတ် ရှင်သန်ရေးနှင့် အမျိုးသားရေးကဗျာများ၊ လူငယ်တို့သဘာဝ ချစ်ခြင်းမေတ္တာဖွဲ့ကဗျာများ၊ အတွေးအမြင်ကဗျာများ စသည်တို့ကို တင်ပြပုံအမျိုးမျိုးဖြင့်ဖွဲ့ဆိုထားသည့် ကဗျာစာအုပ်ကောင်း တစ်အုပ် ဖြစ်ပါသည်။

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ