ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

နိဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနသုံးခုနှင့် လုပ်ငန်းတစ်ခု ရှိသည့်အနက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနလည်း အပါအဝင် ဖြစ်သည်။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သမိုင်းအစမှာ လွန်ခဲ့သောနှစ်ပေါင်း ၁၃ဝ ကျော်၊ ၁၈၈ဝ ပြည့်နှစ်က ရန်ကုန်ဗဟိုအကျဉ်းထောင်တွင် မစ္စတာကောလ်ဘတ် ဆိုသူနှင့် စတင်တည်ထောင်ခဲ့သည့် အစိုးရပုံနှိပ်တိုက်ပင် ဖြစ်ပါသည်။ ယခုအချိန်တွင် ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသည် အဓိကအားဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသုံး ဖတ်စာအုပ်များကို ပညာရေးဝန်ကြီးဌာန၏ မှာကြားချက်အတိုင်း နှစ်စဉ်ပုံနှိပ်ပေးလျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာနများမှအပ်နှံသော ပုံနှိပ်လုပ်ငန်းများ၊ နိုင်ငံတော်အတွက် အရေးကြီးသော မှတ်တမ်းစာအုပ်များ၊ စာပေဖွံ့ဖြိုးရေးအတွက် စာအုပ်စာစောင်များ ပုံနှိပ်ထုတ်ဝေခြင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်များနှင့် စာအုပ်အရောင်းဆိုင်များ ဖွင့်လှစ်၍ စာပေဖွံ့ဖြိုးမှု ဆောင်ရွက်ခြင်း၊ နှစ်စဉ် စာပေဆုများ ရွေးချယ်ချီးမြှင့်ပေးခြင်းတို့ဖြင့် ပြည်သူများ အသိပညာ ဗဟုသုတပြည့်ဝရေး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါသည်။

သတင်း/ကြေညာချက်

Apr 05, 2024
အစည်းအဝေးကို အစီအစဉ် (၆) ရပ်ဖြင့် ကျင်းပခဲ့ပြီး စာပေဗိမာန် စာတည်းမှူးချုပ် ဦးတိုးကျော်က အဖွင့်အမှာစကားပြောကြားခြင်း၊ စာပေပညာရှင် ဦးမောင်လှိုင်က အကြံပြုဆွေးနွေးခြင်း၊ ထွန်းဖောင်ဒေးရှင်းမှ ဆရာ ဦးစောလွင် (မောင်သွေးသစ်) က မြန်မာ့စွယ်စုံကျမ်းအတွဲ-၂နှင့်ပတ်သက်၍ ဆောင်ရွက်မည့်အစီအစဉ်များ ဆွေးနွေး
Apr 05, 2024
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ၂၀၂၁ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ သုတေသနစာပေ ပထမဆုရရှိသည့် စာရေးဆရာ တင်တော်၏  “ခေတ်စနစ်အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့အဆင့်ဆင့်၏ ဖြစ်တည်ဖွံ့ဖြိုးတိုးတက်မှုများ” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက် ရှိသည်။
Apr 05, 2024
၂၀၂၄ ခုနှစ်၊ ဧပြီလ ၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ်(၁၄)၌ မိမိအပေါ် ခင်မင်ခွင့်လွှတ်ပေးသော သူငယ်ချင်းများအပေါ် အနိုင်ယူခဲ့မိသည်များကို နောင်တရနေသည့် ပုပုအကြောင်းကို

မြန်မာနိုင်ငံပြန်တမ်း

PPD Office's Photo

အကြံပြုစာ/တိုင်ကြားစာ