အနုပညာ

09 Dec 2018

 

ရန်ကုန် ဒီဇင်ဘာ ၉

ဒါရိုက်တာသားညီ ရိုက်ကူးထားသည့် "သတ်ကွင်း" ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲကို ဒီဇင်ဘာ ၆ ရက် ညနေပိုင်းက ရန်ကုန်မြို့  Junction City ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်မှ စတင်၍နိုင်ငံတစ်ဝန်းရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်သည်။

 

08 Dec 2018

အိုင်းရစ်ရှ်ရော့ခ်တေးဂီတအဖွဲ့  'U2''   ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ဖော်ဘီ မဂ္ဂဇင်းကြီးက ထုတ်ပြန်ပေးခဲ့တဲ့ ယခုနှစ် ရဲ့ ဝင်ငွေအကောင်းဆုံးသောဂီတပညာရှင်စာရင်းမှာ ထိပ်ဆုံးကနေ နေရာရနေတာဖြစ်ကြောင်း အေးရှားဝမ်း ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။ဒီလိုအောင်မြင်မှုရခဲ့တာဟာ ၁၉၈၇ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့တဲ့အဖွဲ့ရဲ့ ဂန္ထဝင်တေးအယ်လ်ဘမ်အတွက် နယ်လှည့်ဖျော်ဖြေပွဲ ''Joshua Tree''  တွေကို ယခုနှစ် အတွင်း ပြုလုပ်ခဲ့ရာမှ ဖျော်ဖြေပွဲရဲ့ အောင်မြင်မှုနဲ့အတူ ဝင်ငွေတွေရရှိခဲ့တာဖြစ်ပါ

08 Dec 2018

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသမီးတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ''T-ara'' ရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဂျီယောင်းဟာ တစ်ကိုယ်တော်တေးသီချင်းသစ်ကို စတင်ထုတ်လွှင့်ပေးသွား မယ့်ရက်ကို ထုတ်ဖော် ပြောကြား လာခဲ့ပြီးနောက် လတ်တလောမှာတော့ တေးသီချင်းသစ်အတွက်ရည်ရွယ်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ထုတ် ဖော်ပြသလာခဲ့ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

08 Dec 2018

မသန်စွမ်းကလေးငယ်တွေကိုလှူဒါန်းခဲ့တဲ့ယန်ဟွာတောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသားတေးဂီတ အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့  'CNBLUE''  ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ယန်ဟွာဟာ လတ်တလောမှာ စစ်မှုထမ်း ဆောင်နေ တာဖြစ်ပြီး စစ်မှုထမ်းဆောင်နေစဉ်ကာလအတွင်း မသန်စွမ်း ကလေးငယ်တွေကို လှူဒါန်းမှုပြုခဲ့ကြောင်း စွန်ပီ ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

06 Dec 2018

မင်္ဂလာအခမ်းအနားတွေကို သုံးရက်ကြာပြုလုပ်ခဲ့ကြတဲ့ ကြယ်ပွင့်စုံတွဲ နစ်ခ်ဂျိုးနက်စ်နဲ့ ပရီယင်ကာချို ပရာတို့ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့မှာတော့ နယူးဒေလီမှာ မင်္ဂလာဧည့်ခံပွဲပြုလုပ်ခဲ့ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေ အရ သိရပါတယ်။

ဒီမင်္ဂလာပွဲကိုတော့ ကြယ်ပွင့်စုံတွဲရဲ့ နှစ်ဖက်အသိုင်းအဝိုင်းအပြင် အိန္ဒိယဝန်ကြီးချုပ်နဲ့ ဘောလိဝုဒ်ကြယ် ပွင့်တွေပါ တက်ရောက်အားပေးခဲ့ကြတာ တွေ့ရပါတယ်။

13 Nov 2018
 
ရန်ကုန်  နိုဝင်ဘာ  ၁၂
 
၇အှ့နညျန ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ သြရသ ရိုက်ကူးထားသည့် ''မုန်းစွဲ'' ရုပ်ရှင် ဇာတ်ကား စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲအဖြစ် နိုဝင်ဘာ ၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ Junction  City  ရှိ  JCGV  ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်မှ စတင်၍ မြန်မာ တစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွား မည်ဖြစ်သည်။
 
08 Nov 2018
 
 
 
တောင်ကိုရီးယား အမျိုးသမီးတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ''EXID'' ဟာ ယခုလလယ်ပိုင်းမှာ တေးသီချင်းသစ်တွေနဲ့အတူ ပရိသတ်ရှေ့ ပြန်လည်ပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အဖွဲ့ဝင် ငါးဦးစလုံး ပါဝင်မှာဖြစ်ကြောင်း အောကေပေါ့ပ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
 

Pages