
မန္တလေး ဇူလိုင် ၂၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်သူများက မြန်မာနိုင်ငံမှ ကိုဗစ်လူနာများ ကုသရာတွင်အသုံး ပြုရန် အောက်ဆီဂျင်အရည် တန် ၂၀၀ လှူဒါန်းပွဲကို ယနေ့ ညနေ ၄ နာရီက မန္တလေးအထွေထွေရောဂါ ကုဆေးရုံကြီးတွင် ကျင်းပသည်။
လှူဒါန်းပွဲသို့ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ ဦးမျိုးအောင်၊ ဦးသိန်းဌေး၊ မန္တလေး အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာသက်အောင်နှင့်တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေး နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေ ရှာဖွေရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
လွှဲပြောင်းပေးအပ်
ရှေးဦးစွာ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ ယူနန်ပြည်သူများက လှူဒါန်းသည့် အောက်ဆီဂျင်အရည် တန် ၂၀၀ နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ရန်ပုံ ငွေရှာ ဖွေရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် မန္တလေးအထွေထွေရောဂါကုဆေးရုံအုပ်ကြီးတို့က လက်ခံပြီး ကျေးဇူးတင်စကား ပြောကြားသည်။
မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးတွင် အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရန် အလှူရှင်များက လှူဒါန်းလျက်ရှိရာ အဆိုပါဆေးရုံကြီးရှိ အောက်ဆီဂျင်အရည်စက်ရုံသို့ ဇူလိုင် ၁၇ ရက်တွင် ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုရန်ပုံငွေ ရှာဖွေရေးကော်မတီက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အောက်ဆီဂျင်အရည် ၂၆ တန်ကို လည်းကောင်း၊ ဇူလိုင် ၂၁ ရက်တွင် အလှူရှင် ဦးခိုင်ဇော်ဆွေနှင့် ဇနီးဒေါ်သက်သက်လှိုင် မိသားစုက မြဝတီမှ အောက်ဆီဂျင်အရည် တန် ၂၀ ကို လည်းကောင်း၊ ဇူလိုင် ၂၃ရက်တွင် ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ရန်ပုံငွေ ရှာဖွေရေးကော်မတီမှ လီတာ ၄၀ Oxygen Cylinder အလွတ်ဘူး ၁၂၀၀ ကို မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီသို့ လည်းကောင်း၊ ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်းက အောက်ဆီဂျင်အရည် ၅ တန်တို့ကို လည်းကောင်း လှူဒါန်းပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်