
နေပြည်တော် ဧပြီ ၂၅
ယုံမှတ်အပ်နှံမှု အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ ဥပဒေ ရေးရာဝန်ကြီးဌာနမှ ပြည် ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ သီတာဦး၊ ပြည်ထောင်စု တရားလွှတ်တော် ချုပ် တရားသူကြီး ဦးမျိုးမောင်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေ ချုပ် ဒေါက်တာ ထိန်လင်းဦး၊ ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးနှင့် တာဝန်ရှိသူ များ၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာစန်းနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
အပြီးသတ်ညှိနှိုင်းဆွေးနွေး
အစည်းအဝေးတွင် ပြည် ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးက The Trust Act (ယုံမှတ်အပ်နှံမှုအက်ဥပဒေ)သည် ပြည်ထောင်စု တရားလွှတ်တော် ချုပ်က စီမံခန့်ခွဲသည့် ဥပဒေ (၅၂) မျိုးတွင်ပါဝင်ပြီး FATF ၏ အကြံပြုချက်အမှတ် (၂၅) အရ ငွေကြေးခဝါချမှုနှင့် အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်ရေး အတွက် ယုံမှတ်အပ်နှံမှုအက် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) ကို ရေးဆွဲပြဋ္ဌာန်းလို ခြင်းဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီး နှင့် ပြည်ထောင်စုရှေ့နေချုပ်က ယုံမှတ်အပ်နှံမှု အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) ကို FATF ၏ Recommendation 25 အရ လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှု ရှိစေရေး အတွက် ပြဋ္ဌာန်းရန် လိုအပ် ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် အဆိုပါဥပဒေ(မူကြမ်း)ကို ပြဋ္ဌာန်း နိုင်ရေး အပြီးသတ်ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။ သတင်းစဉ်