YPS ကတ်အလုပ် မလုပ်တော့ပါက  စစ်ဆေးနိုင်ပြီး အသုံးပြုသူကြောင့်ပျက်စီးခြင်းမဟုတ်လျှင် သို့မဟုတ် အာမခံသက်တမ်းကျန်ရှိသေးလျှင်  ကတ်အသစ်အစားထိုး လဲလှယ်ပေးနေဟုသိရ

 

ရန်ကုန်   ဇန်နဝါရီ   ၃၀


YPS ကတ်အလုပ် မလုပ်တော့ပါက စစ်ဆေးနိုင်ပြီး အသုံးပြုသူကြောင့် ပျက်စီးခြင်းမဟုတ်လျှင် သို့မဟုတ် အာမခံသက်တမ်းကျန်ရှိသေးလျှင်  ကတ်အသစ်အစားထိုး လဲလှယ်ပေး​နေကြောင်း Yangon Payment Services မှ သိရသည်။


 YPS ကတ်အလုပ် မလုပ်တော့ပါက ဆူးလေအရောင်းကောင်တာသို့  ကတ်ယူဆောင်၍ စစ်ဆေးနိုင်ပြီး အာမခံကာလတစ်နှစ်ကုန်ဆုံးသွားလျှင် (သို့မဟုတ်) တစ်စုံတစ်ရာကြောင့် ပျက်စီးခဲ့လျှင် အသုံးပြုသူများ အနေဖြင့် ကတ်အသစ်ဝယ်ယူရမည်ဖြစ်ကာ ပျက်စီးသွားသောကတ် အတွင်းမှ  လက်ကျန်ငွေများကို  ကတ်အသစ်တွင်  ပြန်လည်အသုံးပြု နိုင်ရန်အတွက်   လုပ်ငန်းဆောင်ရွက်ရန်   ခုနစ်ရက်ကြာမြင့်မည်ဖြစ် ကြောင်းလည်း သိရသည်။


‘‘အကယ်၍  YPS  ကတ်  ပျက်စီးပါက အလိုအလျောက် အလုပ် မလုပ်တော့လျှင် အသုံးပြုသူများအနေဖြင့် ဆူးလေအရောင်းကောင်တာ  သို့ ကတ်ယူဆောင်၍ စစ်ဆေးနိုင်သည်။ အသုံးပြုသူကြောင့် ပျက်စီးခြင်း မဟုတ်လျှင်နှင့် အာမခံသက်တမ်းကျန်ရှိနေသေးလျှင် ဆူးလေအရောင်း ကောင်တာမှ ကတ်အသစ်ဖြင့် အခမဲ့ အစားထိုးလဲလှယ်ပေးမည်ဖြစ် သည်။ အကယ်၍ အာမခံကာလ (၁) နှစ် ကုန်ဆုံးသွားလျှင် (သို့မဟုတ်)  တစ်စုံတစ်ရာကြောင့် ပျက်စီးခဲ့လျှင် အသုံးပြုသူများသည် ကတ်အသစ် ဝယ်ယူရမည်ဖြစ်သည်။ ပျက်စီးသွားသော ကတ်အတွင်းမှ လက်ကျန် ငွေများကို ကတ်အသစ်တွင် ပြန်လည်အသုံးပြုနိုင်ရန်အတွက် လုပ်ငန်း ဆောင်ရွက်ရန်  ခုနစ်ရက်  ကြာမြင့်မည်ဖြစ်ပါတယ်’’ ဟု Yangon Payment Services က ၎င်းတို့၏ လူမှုကွန်ရက်ဖေ့စ်ဘွတ် စာမျက်နှာ မှတစ်ဆင့် ပြန်လည်ဖြေကြားထားသည်။


 လက်ရှိတွင်  YBS   စီးနင်းသူ    ခရီးသွားပြည်သူများအနေဖြင့်‌ ‌ငွေအကြွေနှင့်ပတ်သက်၍ အခက်အခဲမဖြစ်စေရန် YPS ကတ် အသုံးပြု နိုင်သကဲ့သို့   QR Code  ကို  ပလီကေးရှင်းအသုံးပြုပြီး  Scan  ဖတ် ငွေပေးချေနိုင်ရန်လည်း စီစဉ်ပေးထားသည်။
YPS ကတ်ဖြင့် ပေးချေအသုံးပြုနိုင်သည့်  YBS-ယာဉ်လိုင်းများက ကတ်အတွက် စက်မဖွင့်ပါက သက်ဆိုင်ရာယာဉ်လိုင်းများနှင့် ပူးပေါင်း ဆောင်ရွက်ပေးနေကာ  ကားနံပါတ်နှင့် ယာဉ်အမှတ် မှတ်ပြီးအသိ ပေးလျှင် ချက်ချင်းစစ်ဆေးပြင်ဆင်ပြီး အရေးယူပေး‌နေကြောင်းလည်း Yangon Payment Services ထံမှ သိရသည်။                      

MT