ယဉ်ကျေးမှုတွင် ရင်းနှီးမြှုပ်နှံခြင်းသည် စဉ်ဆက်မပြတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် မောင်းနှင်အားတစ်ခုဖြစ်ကြောင်း ဆွေးနွေး

 

ရောမ   ဇူလိုင်   ၃၁ 


ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများက ယဉ်ကျေးမှု ဆိုင်ရာ ဆန်းသစ်တီထွင်မှုများတွင် ရင်းနှီးမြှုပ်နှံခြင်း များသည် စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက် ရန် မောင်းနှင်အားတစ်ခုဖြစ်ပြီး  အနာဂတ် ဂျီ-၂၀ ညှိနှိုင်းမှုများ၏   အစိတ်အပိုင်းတစ်ခု  ဖြစ်လာနိုင် ကြောင်းပြောကြားရင်း   ကမ္ဘာ့ယဉ်ကျေးမှုအခန်း ကဏ္ဍအကြောင်း နှစ်ရက်ကြာဆွေးနွေးပွဲကို ဇူလိုင် ၃၀ ရက်က အဆုံးသတ်ခဲ့သည်။ 

 


အင်ဒိုနီးရှားနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် ရှေ့နှစ်တာဝန်ယူမည့်အချိန်မှစကာ ဂျီ-၂၀ အဖွဲ့ဝင် နိုင်ငံများသည် အနာဂတ်တွင် ယဉ်ကျေးမှုဆိုင်ရာ ဆက်စပ်ညှိနှိုင်းဆွေးနွေးမှုများကို အမြဲတမ်း အစိတ် အပိုင်းတစ်ခုအဖြစ် ပြုလုပ်ရန် သဘောတူခဲ့သည်။
အဖွဲ့ဝင်နိုင်ငံများသည်   ၎င်းတို့၏နယ်ပယ် ဒေသအတွင်း ယဉ်ကျေးမှုအမွေအနှစ်နေရာများကို ထိန်းသိမ်းကာကွယ်ရန် အမျိုးသားသီးခြားဖြစ်တည်မှု များကို  ဖွံ့ဖြိုးတိုးတက်အောင်   ပြုလုပ်ရန်လည်း သဘောတူခဲ့သည်။ 

 


အီတလီဝန်ကြီးချုပ်   မာရီယိုဒရာဂီက  ဇူလိုင် ၂၉ ရက်က ရောမကလော့စီယမ် အထိမ်းအမှတ် နေရာတွင် အထူးအခမ်းအနားဖြင့် အစည်းအဝေးကို ဖွင့်လှစ်ခဲ့ပြီး ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် တော်များကို     အီတလီနိုင်ငံအနေဖြင့်  ယခုလို ယဉ်ကျေးမှုအစည်းအဝေးကို    လက်ခံကျင်းပခွင့် ရခဲ့သည့်အတွက်         ဝမ်းသာဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။
ယဉ်ကျေးမှုကို ထောက်ပံ့ခြင်းသည် မိမိတို့၏ စီးပွားရေးကို ပြန်လည်ဖွင့်လှစ်ရာတွင် အခရာကျ ကြောင်း၊    ကိုဗစ်-၁၉ ကြောင့်    အထိနာနေသည့် ကမ္ဘာ့စီးပွားရေးကို ရည်ညွှန်း၍ ဒရာဂီက ပြောသည်။ 
ဂျီ-၂၀ ကြေညာချက်အရ ဆွေးနွေးပွဲတွင် ယဉ်ကျေးမှု နှင့်သက်ဆိုင်သည့်        အဓိကအချက်ငါးချက်ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။                

 

 ဆင်ဟွာ