ယင်းမာပင်မြို့နယ်၌ PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က တန်ပိုယာဉ် ဖြတ်သန်းခကောက်ခံရေးဂိတ်အား  ဝင်ရောက်ဖျက်ဆီးမီးရှို့၍ ဂိတ်တာဝန်ကျ ကုမ္ပဏီဝန်ထမ်းများကို ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် အမျိုးသား တစ်ဦး ဒဏ်ရာရရှိ

 

 

နေပြည်တော်  ဩဂုတ်  ၂၃    


စစ်ကိုင်းတိုင်းဒေသကြီး   ယင်းမာပင်မြို့နယ်၌   PDF   အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က  တန်ပိုယာဉ် ဖြတ်သန်းခ   ကောက်ခံရေးဂိတ်အား  ဝင်ရောက်ဖျက်ဆီးမီးရှို့၍   ဂိတ်တာဝန်ကျကုမ္ပဏီဝန်ထမ်းများကို ဝိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ     ယနေ့    နံနက် ၁ နာရီတွင်  စစ်ကိုင်းတိုင်းဒေသ ကြီး ယင်းမာပင်မြို့နယ် ဘန့်ဘွေး ကျေးရွာအနီး   မုံရွာ-ယာကြီး-ကလေးဝသွားကားလမ်း မိုင်တိုင် အမှတ် ၅ မိုင် ၃ ဖာလုံရှိ “မုံရွာ အုပ်စု”     ကုမ္ပဏီပိုင်ဆိုင်သည့် တန်ပိုယာဉ်ဖြတ်သန်းခ ကောက်ခံ ရေးဂိတ်သို့   PDF  အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ အင်အား ၁၀၀ ခန့်က   မျက်နှာဖုံးများစွပ်လျက် လက်နက်များ    ကိုင်ဆောင်၍ ရောက်ရှိလာပြီး ဂိတ်တာဝန်ကျ ကုမ္ပဏီဝန်ထမ်းများကို ကားလမ်း ပေါ်တွင်       ခေါင်းငုံ့ဒူးထောက် မှောက်ခိုင်းကာ    တန်ပိုယာဉ် ဖြတ်သန်းခကောက်ခံရေး   ဂိတ် အဆောက်အအုံ      နှစ်လုံးအား တုတ်၊  ဓား၊      ဒေသန္တရလက်လုပ်မိုင်း တစ်လုံးတို့ဖြင့်    ထုရိုက်ဖောက်ခွဲ ဖျက်ဆီး၍   ကုမ္ပဏီဝန်ထမ်းများ နေထိုင်သော    အဆောက်အအုံ လေးလုံးနှင့် မော်တော်ယာဉ်နှစ်စီး တို့ကို   ဓာတ်ဆီလောင်း၍  မီးရှို့ ဖျက်ဆီးခဲ့ပြီး   နံနက်  ၂ နာရီခွဲ တွင်  အဆိုပါ  PDF အကြမ်းဖက် အဖွဲ့များ     ပြန်လည်ထွက်ခွာ ခဲ့သည်။
ထိုသို့ အကြမ်းဖက်ဖောက်ခွဲ ဖျက်ဆီးမှုကြောင့် အဆောက်အအုံ ခြောက်လုံးနှင့်     မော်တော်ယာဉ် နှစ်စီး     မီးလောင်ပျက်စီးခဲ့ပြီး     အကြမ်းဖက်သူများ၏   ရိုက်နှက် မှုကြောင့်       ကုမ္ပဏီဝန်ထမ်း အမျိုးသား တစ်ဦးတွင်   ပြင်းထန် ဒဏ်ရာများ ရရှိခဲ့သည်။
အထက်ပါဖြစ်စဉ်မှ       PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ ကို     ဖမ်းဆီးရမိရေး     နယ်မြေခံ တပ်မတော်စစ်ကြောင်းနှင့် ရဲတပ် ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်