ယနေ့အချိန်အထိ ကျွန်တော်တို့ ဆေးရုံအနေနဲ့ အောက်ဆီဂျင် ပေးရမယ့်လူနာကို အောက်ဆီဂျင်မပေးနိုင်ဘူးဆိုတာ မရှိသေးပါဘူး

 

ပျဉ်းမနားမြို့နယ်အတွင်း ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ကုသရေး   ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ပျဉ်းမနားမြို့ ခုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်ကျော်အား  တွေ့ဆုံမေးမြန်းထားပါသည်။ 


မေး။    ။    ပျဉ်းမနားမြို့နယ်အတွင်းမှာ        ကိုဗစ်-၁၉ 
        ရောဂါကူးစက်ပြန့်ပွားမှု    ဖြစ်ပွားနေတဲ့  အခြေအနေကို သိလိုပါတယ်။ 
ဖြေ။    ။    ကျွန်တော်တို့            ပျဉ်းမနားမြို့နယ်မှာ 
        ဒေသတွင်းကူးစက်မှုတွေ   ရှိနေပါတယ်။ ဒါကြောင့်လည်း  Stay at Home သတ်မှတ်ထား တာပါ။ ကျွန်တော်တို့ ပျဉ်းမနား ခုတင် ၂၀၀ ဆေးရုံ မှာ ကိုဗစ်တတိယလှိုင်းအတွင်း ယနေ့အထိ ဆေးရုံ တက်လူနာ ၁၃၉ ယောက်ရှိပါပြီ။  ၄၅ ယောက်က    ရောဂါ ပျောက်ကင်းလို့  ဆေးရုံက   ဆင်းသွားပြီးတော့ ၂၅ ယောက်ကတော့   တခြားဆေးရုံကြီးတွေ၊  အထူး သဖြင့် နေပြည်တော်   ခုတင် ၁၀၀၀  ဆေးရုံကြီးကို လွှဲပြောင်းကုသပေးလျက်   ရှိပါတယ်။  သေဆုံးသူ ကတော့  ယနေ့အထိ  ကိုးယောက်ရှိပါပြီ။

 


မေး။    ။    ကိုဗစ် - ၁၉    အတည်ပြု       လူနာတွေကို          ဘယ်လို  ကျန်းမာရေးစောင့်ရှောက်ကုသမှု တွေ ဆောင်ရွက်ပေးနေပါသလဲ။ 
ဖြေ။    ။    ကျွန်တော်တို့     ဆေးရုံကြီးမှာ   ကိုဗစ်-၁၉         လူနာတွေအတွက်  ခုတင် ၇၀  စီစဉ်ထားရှိပါ တယ်။  ဆေးရုံမှာ လာစစ်တဲ့  သူတွေထဲက ပိုးတွေ့ လူနာတွေကို ကျွန်တော်တို့  ဆေးရုံမှာ ကုသပါတယ်။  ဆေးရုံမှာ     စီစဉ်ထားတာက   အမျိုးသား  ၃၀၊  အမျိုးသမီး  ၄၀ စာ    စီစဉ်ထားတာဖြစ်တဲ့အတွက် တချို့ရက်တွေမှာ    ခုတင်ပြည့်သွားတာရှိပါတယ်။ တချို့ ရောဂါပြင်းထန်တဲ့  လူနာတွေကို  နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးနဲ့ ချိတ်ဆက်ပြီးတော့ ခုတင် ၁၀၀၀     ဆေးရုံကြီးက    လက်ခံနိုင်တယ်ဆိုရင် လွှဲပြောင်းပေးပါတယ်။ တကယ်လို့ ခုတင် ၁၀၀၀ ဆေးရုံကြီးက  လူပြည့်နေတယ်ဆိုရင်  ကျွန်တော်တို့ ဆေးရုံမှာပဲ    အောက်ဆီဂျင်ပေးပြီး   စောင့်ရှောက် ကုသပေးပါတယ်။  

 


မေး။    ။    ကိုဗစ်-၁၉  ဖြစ်ပွားတယ်လို့    မိမိကိုယ်မိမိ         သံသယရှိရင်   ဘယ်နေရာမှာ  စစ်ဆေးလို့ ရနိုင်ပါသလဲ။ ဆရာတို့ဘက်က ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေလေးကို  သိပါရစေ။ 
ဖြေ။    ။    သံသယရှိတဲ့   လူတွေအနေနဲ့  လယ်ဝေးမြို့         အားကစားလေ့ကျင့်ရေးစခန်းမှာ Commu-nity Base Test Centre for PUI ဖွင့်လှစ်ထားပါတယ်။ အဲဒီနေရာမှာ     သွားရောက်  စစ်ဆေးနိုင်ပါတယ်။ ကျွန်တော်တို့ ဆေးရုံမှာကတော့ ကိုဗစ်-၁၉ ရောဂါ လက္ခဏာပြတဲ့   လူတွေကို      စစ်ဆေးပေးပြီးတော့ Positive ဖြစ်ရင် ရောဂါအခြေအနေအပေါ် မူတည်ပြီး ကျွန်တော်တို့ ဆေးရုံမှာ ကုသပေးပါတယ်။ တချို့ ရောဂါ မပြင်းထန်တဲ့သူတွေ ဥပမာ  အနံ့ပျောက်ရုံပဲ ပျောက်ပြီး  အခြားရောဂါ  မခံစားရတဲ့သူတွေဆိုရင် အခြား  ကုသရေးစင်တာတွေဆီကို   လွှဲပြောင်းကုသ တာတွေလည်း  ရှိပါတယ်။  ကုသဖို့လိုတယ် ၊  ရောဂါ ပြင်းထန်တယ်ဆိုရင် ကျွန်တော်တို့ ဆေးရုံမှာပဲ ကုသ ပေးပါတယ်။

 


မေး။    ။    အောက်ဆီဂျင်ပေးနိုင်ဖို့           စီစဉ်ထားတဲ့         အခြေအနေကို  ရှင်းပြပေးပါ။ 
ဖြေ။    ။    ကျွန်တော်တို့ဆေးရုံမှာ    အောင်ဆီဂျင်ထုတ်        လုပ်တဲ့စက်ရှိပါတယ်။   တစ်ရက်ကို  ၄၀ လီတာ ရှစ်လုံးထွက်ပါတယ်။  ကျွန်တော်တို့ဆေးရုံက ထွက်တဲ့   အောက်ဆီဂျင်နဲ့တော့    လူနာတွေပေးဖို့ မလုံလောက်ပါဘူး။   အဲဒါကြောင့်      နေပြည်တော် ကောင်စီရဲ့စီစဉ်ပေးမှုနဲ့  တခြားကနေပဲ  တင်သွင်းပါ တယ်။    ဥပမာဆိုရရင်   ဒီနေ့ဆိုရင်   ကျွန်တော်တို့ ဆေးရုံက လူနာတွေကို အောက်ဆီဂျင်ပေးဖို့ လိုအပ် တာ ၄၀ လီတာအိုး ၁၈ လုံးပါ။  ကျွန်တော်တို့ရှိတာ ရှစ်လုံးဆိုတော့     ကျန်လိုအပ်တဲ့   ၁၀   လုံးကို နေပြည်တော်ကောင်စီရဲ့     စီစဉ်မှုနဲ့    အခြားကနေ ဖြည့်ဆည်းပါတယ်။  ဒီနေ့အချိန်အထိ  ကျွန်တော်တို့ ဆေးရုံအနေနဲ့  အောက်ဆီဂျင်ပေးရမယ့်    လူနာကို အောက်ဆီဂျင်မပေးနိုင်ဘူးဆိုတာ  မရှိသေးပါဘူး။

 


မေး။    ။    ရောဂါကူးစက်ခံနေရပြီလို့       သံသယရှိပြီ         ဆိုတာနဲ့   ကူးစက်ပြန့်ပွားမှု   မရှိအောင် ဘယ်လိုပြုမူ  နေထိုင်သင့်ပါသလဲ။ 
ဖြေ။    ။    ပြည်သူလူထုအနေနဲ့ ကိုဗစ်-၁၉ ကူးစက်ခံ         နေရပြီလို့  သံသယရှိရင်  အိမ်ထဲမှာနေတာ အကောင်းဆုံးပါပဲ။   ပျဉ်းမနားက  Stay at Home ကြေညာထားတာ ဆိုတော့လေ။   မလိုအပ်ဘဲ အပြင် မထွက်သင့်ပါဘူး။     မလွှဲသာ    မရှောင်သာလို့ ကျန်းမာရေးကိစ္စကြောင့်  အပြင်ထွက်မယ်ဆိုရင် လည်း  Mask တို့၊ Face Shield တို့၊ လက်အိတ်တို့ အကာအကွယ် ဝတ်ဆင်ပြီးမှ  ထွက်သင့်ပါတယ်။ ကိုဗစ်ရောဂါ    လက္ခဏာပြလာပြီဆိုရင်   နီးစပ်ရာ ကျန်းမာရေးဌာနတွေနဲ့ ဆက်သွယ်ပြီး လိုအပ်တာ ဆောင်ရွက် ဖို့ ပြောလိုပါတယ်။ အကောင်းဆုံးကတော့  အိမ်ထဲမှာ နေကြဖို့ရယ်၊    အာဟာရပြည့်အောင် စားဖို့ရယ်၊     အိပ်ရေးဝအောင်    အိပ်ဖို့ရယ်၊ သင့်တင့် တဲ့  ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့နဲ့  အတတ်နိုင်ဆုံး အိမ်အပြင် မထွက်ဖို့ လိုပါတယ်။

 


မေး။    ။    ပျဉ်းမနားမြို့နယ်မှာ   ကာကွယ်ဆေး  ထပ်မံ         ထိုးနှံပေးဖို့     စီစဉ်ဆောင်ရွက်ထားရှိပါ သလား။ 
ဖြေ။    ။    ကျွန်တော်တို့မြို့နယ်မှာတော့    ကာကွယ်         ဆေးထိုးဖို့   စီစဉ်ဆောင်ရွက်ထားတာ  ရှိပါ တယ်။ လာမယ့်    ဩဂုတ်လ ၁ ရက်နေ့မှာ စတင်ထိုးနှံပေးသွားမှာဖြစ်ပြီးတော့ ပျဉ်းမနားမြို့  အထက (၃)မှာ   ကာကွယ်ဆေးထိုးနှံရေးစင်တာ    ဖွင့်လှစ် ထိုးနှံပေးဖို့  လျာထားတာရှိပါတယ်။ ကာကွယ်ဆေး ထိုးနှံပေးမှာကတော့ အသက် ၆၅ နှစ်အထက် ပုဂ္ဂိုလ် တွေ၊  နိုင်ငံ့ဝန်ထမ်းတွေ၊ သာသနာ့ဝန်ထမ်းတွေနဲ့ အများပြည်သူနဲ့  ထိတွေ့ဆက်ဆံပြီး  ဝန်ဆောင်မှု ပေးရတဲ့ဝန်ထမ်းတွေ  ဥပမာ ဘဏ်ဝန်ထမ်းတွေပေါ့။ အဲဒီသူတွေကို     ကာကွယ်ဆေးထိုးနှံပေးဖို့   စီစဉ် ဆောင်ရွက်နေပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ 


တွေ့ဆုံမေးမြန်း - ဇော်ဖြိုး(ပြန်/ဆက်)