
ရန်ကုန် ဇန်နဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG) အရောင်းဆိုင်များတွင် ဓာတ်ငွေ့လာရောက်ဖြည့်တင်းသော မော်တော်ယာဉ် များအနေဖြင့် ယခုရက်ပိုင်းအတွင်း တန်းစီစောင့်ဆိုင်း ရမှု အလွန်နည်းပါးသွားပြီဖြစ်ကြောင်း မော်တော် ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနမှ အထွေထွေမန်နေဂျာ ဦးကျော်သူရဝင်းက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထား သော CNG ၄၁ ဆိုင်ရှိပြီး နံနက်ပိုင်း ၅နာရီကစ၍ ညပိုင်း ၁၀ နာရီအထိ YBS ယာဉ်များ၊ Taxi ယာဉ်များ နှင့်အခြားသော မော်တော်ယာဉ်များကို လိုသလောက် ဖြန့်ဖြူးရောင်းချပေးနေကြောင်း ၎င်းက ပြောကြား သည်။
“YBS ယာဉ်တွေ ၊Taxi တွေ၊ ကျန်တဲ့ အခြားယာဉ် တွေကိုရော သူတို့လိုသလောက် အလုံအလောက် ဖြန့်ဖြူးပေးနေပါတယ်။ ဒါကြောင့် CNG အရောင်း ဆိုင်များတွင် ကားတန်းစီမှုတွေက ဒီရက်ပိုင်း တွေမှာဆိုရင် ဘာမှကို မရှိသလောက်ပါပဲ ” ဟု ဦးကျော်သူရဝင်းက ပြောကြားသည်။
လက်ရှိကာလ၌ YBSများ ၊Taxiများ ၊ Mini Bus များ၊ အခြားသောမော်တော်ယာဉ်များ အပါအဝင် တစ်ရက်လျှင် CNG သုံး မော်တော်ယာဉ်အစီးရေ သုံးသောင်းဝန်းကျင်ကို နေ့စဉ်ပုံမှန် CNG ဖြည့်ပေး လျက်ရှိကြောင်း သိရသည်။
“လျှပ်စစ်မီးကတော့ လက်ရှိအနေအထားမှာ လည်း CNG အချို့ဆိုင်တွေ အချိန်ပိုင်းတွေနဲ့ရနေသေး တာပေါ့နော်။ အချို့ဆိုင်တွေမှာတော့ တောက်လျှောက် ရတဲ့အပိုင်းတွေရှိတယ်။ ဒါပေမယ့် မီးပျက်တဲ့အချိန်မှာ လည်း ကျွန်တော်တို့ဆီမှာရှိတဲ့ CNG အရောင်းဆိုင် တွေမှာ Gas Generator တွေရှိတဲ့အတွက် မီးပျက်ရင် လည်း Gas Generator တွေနဲ့ နှိုးပြီး ရောင်းချပေးပါ တယ်” ဟု ဆိုသည်။
လိုအပ်ချက်အပေါ် မူတည်ကာ အချို့ဆိုင်များ တွင် အချိန်တိုးမြှင့် ရောင်းချမှုများ ရှိကြောင်းလည်း သိရသည်။ MT