ယီမင်နိုင်ငံ၌ အပစ်ရပ်စဲရေးသဘောတူညီချက်ကို ထပ်မံသက်တမ်းတိုးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အလေးအနက်ပြောကြား

 

နယူးယောက်   ဇွန်    ၁ 


ယီမင်နိုင်ငံ၌   နိုင်ငံတစ်ဝန်း  နှစ်လကြာ အပစ်ရပ်စဲရေး      သဘောတူညီချက်ကို ထပ်မံသက်တမ်းတိုးရန်    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာ ရက်စ်က မေ ၃၁ ရက်က အလေးအနက် ပြောကြားလိုက်သည်။ 

 


ကုလသမဂ္ဂ   အတွင်းရေးမှူးချုပ် ဂူတာရက်စ်က မေ ၃၁ ရက် အစောပိုင်း က ယီမင်သမ္မတ ဦးဆောင်မှုကောင်စီ ဥက္ကဋ္ဌဖြစ်သူ    ရာရှက်အယ်အလီမီနှင့် ဖုန်းပြောခဲ့ပြီး          ယီမင်နိုင်ငံတွင် ကုလသမဂ္ဂ    ကြားဝင်စေ့စပ်ပေးသော  ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ရန်နှင့်      လုံခြုံရေးဖွံ့ဖြိုးတိုးမှုများ အကြောင်း ဆွေးနွေးခဲ့ကြသည်။ 

 


ကုလသမဂ္ဂနှင့် ယီမင်အစိုးရကြား နီးကပ်သော        ဆက်ဆံရေးရှိရန် ကုလသမဂ္ဂ     အတွင်းရေးမှူးချုပ်က အခိုင်အမာ ပြောကြားခဲ့သည်။ 

 


အပစ်ရပ်စဲရေး၏  အရေးကြီးပုံကို ကုလသမဂ္ဂ      အတွင်းရေးမှူးချုပ်က မီးမောင်းထိုးပြခဲ့ပြီး  ယီမင်ပြည်သူများ ခံစားနေရသော       ဘေးဒုက္ခများကို လျော့ပါးသက်သာစေရန်    လူသားချင်း ဆိုင်ရာ စာနာထောက်ထားမှုအကူအညီ များနှင့်  စီးပွားရေးဆိုင်ရာ  လိုအပ်ချက် များကိုလည်း အလေးပေးဖော်ပြခဲ့သည်။ 

 


ထို့ပြင် ယီမင်နိုင်ငံတွင်  ပြည်သူများ လွတ်လပ်စွာ       သွားလာလှုပ်ရှားနိုင် ရန်နှင့် ကုန်ပစ္စည်းများကို လွတ်လပ်စွာ သယ်ယူပို့ဆောင်နိုင်ရန်   ဆောင်ရွက် ပေးဖို့လိုကြောင်းလည်း   ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောခဲ့သည်။ 

 


မကြာသေးမီ  သီတင်းပတ်များက ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံတမန် ဟန်းဂရွန်ဘာ့ဂျ်က အပစ်ရပ်စဲရေးကို သက်တမ်းအသစ်တိုးရန်      ကြိုးစား ခဲ့သည်။                              

ဆင်ဟွာ