YBS ယာဉ်လိုင်းတချို့ နံပါတ်ပြောင်း ပြေးဆွဲမည်

 

ရန်ကုန် ဖေဖော်ဝါရီ  ၆


ယာဉ်လိုင်းနံပါတ်တူပြီး   ပြေးဆွဲသည့် လမ်းကြောင်းနှင့် ဂိတ်ရင်းဂိတ်ဖျား မတူ သည့်  YBS  ယာဉ်လိုင်း  ၁၅ လိုင်းအား ဖေဖော်ဝါရီ ၁၂ ရက်နေ့ ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့တွင် လိုင်းနံပါတ် ပြောင်းလဲသတ်မှတ် ပြေးဆွဲမည်ဖြစ်ကြောင်း၊ ယခုလိုပြောင်းလဲ သတ်မှတ်ပေးခြင်းသည်     ခရီးသွား ပြည်သူများ  အဆင်ပြေစေရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း  ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီမှသိရသည်။

 


“နံပါတ်တစ်ခုတည်းနဲ့ ယာဉ်လိုင်း ၅ နေရာကိုသွားတဲ့  အဲဒီလိုမျိုးကွဲပြားနေတာ ရှိတယ်။ ဥပမာပြောပြရရင်  YBS  ၃၇ ဆိုရင် ၅  လိုင်းလောက် ထောက်ကြန့်- ဆူးလေသွားတဲ့ သပ်သပ်ရှိတယ်။ ဝါယာ လက် - ဆူးလေ - ခြောက်ထပ်ရုံး၊ မှော် ဘီ(TU) မှ ဆူးလေ - ခြောက်ထပ်ရုံး၊ ဥက္ကံ - ဆူးလေ - ခြောက်ထပ်ရုံး၊  လှည်းကူး - ဆူးလေ - ခြောက်ထပ်ရုံး  အဲဒီလိုမျိုး နံပါတ် ၃၇ တစ်ခုတည်းကနေပြီးတော့  ငါးနေရာလောက်ဖြစ်နေတယ်။   အဲဒါ ကြောင့်  ခရီးသွားပြည်သူများအတွက်  အဆင်မပြေဘူး၊ မှားစီးနိုင်ပါတယ်။ ဒီ နံပါတ်စီးပေမယ့်   သူသွားလိုတဲ့ခရီးကို    မရောက်ဘဲနဲ့  ထပ်ဆင့်ပြီးတော့   ပြောင်း စီးရတာတွေ၊  ဘာတွေရှိတယ်။ အကုန် အကျလည်းများတယ်။ အဲဒီလိုမျိုး အဆင် မပြေမှုလေးတွေ   ရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့  ခရီးသွားပြည်သူ တွေ   လွယ်လင့်တကူနဲ့  သွားလိုတဲ့ခရီးကို  နံပါတ်မှားစီးတာတို့မဖြစ်အောင်   သွားလို တဲ့  နံပါတ်နဲ့သွားလိုတဲ့နေရာ  တည့်တည့် မတ်မတ်၊  ဒီနံပါတ်တစ်ခုတည်း  စီးတာနဲ့  အဆင်ပြေအောင်လို့     ကျွန်တော်တို့ ပြောင်းပေးတာ ဖြစ်ပါတယ်” ဟု ကော်မ တီတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန် ကပြောသည်။  လက်ရှိပြေးဆွဲနေသည့် YBS  ယာဉ်လိုင်းများကို  စီးနင်းသည့် ခရီးသည်များအနေဖြင့်  မှတ်မိနေပြီ ဖြစ်ခြင်းကြောင့်  ပြောင်းလဲသတ်မှတ်မည့် ယာဉ်လိုင်းနံပါတ်များနှင့်    ပြေးဆွဲမည့် လမ်းကြောင်းများကို   ခရီးသည်များနှင့် အများပြည်သူများ   သိရှိစေရန်အတွက် ကြော်ငြာမှုများကို     လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း သိရသည်။

 


“MRTV  နဲ့   သတင်းစာတွေမှာလည်း သတင်းထုတ်ပြန်ထားပါတယ်။   နောက် ယာဉ်လိုင်းတွေကနေပြီးတော့     သူတို့ ယာဉ်ပေါ်မှာလည်း ကြော်ငြာမှာ ဖြစ်ပါ တယ်။ သူတို့ဂိတ်တွေမှာ အဲဒီဟာတွေနဲ့ ပတ်သက်ပြီးတော့    ကြော်ငြာလုပ်ဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

 


ထပ်တိုးပြေးဆွဲ


YBS ယာဉ်လိုင်းပေါင်း ၁၀၃ လိုင်းရှိပြီး လတ်တလောတွင်  ယာဉ်လိုင်းပေါင်း  ၉၈ လိုင်း၊ ယာဉ်အစီးရေ ၂၈၂၆ စီးဖြင့် ခရီး သည်  ၅၁၇၂၀၀  ကျော်  နေ့စဉ်လိုက်ပါ စီးနင်းနေကြောင်း သိရသည်။  ယင်းသို့ ယာဉ်လိုင်း ၁၅ လိုင်းကို    နံပါတ်ပြောင်းလဲ သတ်မှတ်မည်ဖြစ်ခြင်းကြောင့်    ယာဉ် လိုင်းအရေအတွက်အားဖြင့်  ၁၂၆  လိုင်း ဖြစ်သွားမည့်အပြင်   ထပ်တိုးပြေးဆွဲ လမ်းကြောင်းအသစ်အဖြစ်   ယာဉ်လိုင်း နံပါတ် ၁၂၇  ကိုလည်း ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်   စတင်မည်ဖြစ်ကြောင်း သိရသည်။  ယာဉ်လိုင်းနံပါတ်  ၁၂၇  သည် မြန်မာ့သားကောင်း  စစ်မှုထမ်းဟောင်း အိမ်ရာ - ဘုရင့်နောင်လမ်း - လေးထောင့် ကန် - အမှတ်(၂)လမ်း - တောင်/မြောက် လမ်းဆုံ - ရာဇာဓိရာဇ်လမ်း - ဘုန်းကြီး ကျောင်းကွေ့  -  မင်းရဲကျော်စွာလမ်း- စိတ်ကျန်းမာရေးဆေးရုံ - အမှတ် (၇) လမ်း -  မစိုထိပ် -  အမှတ် (၂) လမ်း - လေးထောင့်ကန် -  ဘုရင့်နောင်လမ်း - မြန်မာ့သားကောင်း   စစ်မှုထမ်းဟောင်းအိမ်ရာ(အဝိုင်းပတ်)   ခရီးစဉ်အနေဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
 

 အာကာလင်း