
ရန်ကုန် ဒီဇင်ဘာ ၁၂
ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ကာ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များ၌ မိုဘိုင်းဖုန်းမှ တစ်ဆင့် QR Code ဖြင့်ငွေပေးချေ နိုင်မည့်စနစ် စတင်အသုံးပြုနိုင် တော့မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
သုံးစွဲသူများ အနေဖြင့် Google Play Store တွင် MP yps ဟုရိုက်ရှာကာ ဒေါင်းလုတ်ရယူ ပြီး အက်ပလီကေးရှင်းတွင် ပေးထားချက်များအတိုင်း မှတ်ပုံ တင်ကာ ငွေဖြည့်သွင်းပြီးနောက် စတင် အသုံးပြုနိုင်မည်ဖြစ် ကြောင်း သိရကာ အကြွေဆောင် ရမည့်အခက်အခဲလည်း လျော့ပါး သွားမည်ဖြစ်ပြီး ဖုန်းတစ်လုံးရှိရုံ ဖြင့် အဆင်ပြေမည်ဖြစ်သည်။
‘‘ QR Code အသုံးပြုနိုင်မယ့် စနစ်ကို ဒီလကုန်လောက်မှာ လုပ်ဖို့ရှိတယ်။ ဒေတာတွေ ကောက်ယူနေပါတယ်။ ခရီးသည် တွေအနေနဲ့ မိမိရဲ့ဖုန်းမှာ Appli-cation ထည့်၊ ငွေထည့်ပြီး YPS ကတ် အစားအသုံးပြုလို့ရပါတယ်’’ ဟု ဦးလျန်ကျင့်မန်က ဆိုသည်။
လက်ရှိ YBS ယာဉ်လိုင်းအချို့ တွင် YPS Card စနစ်အသုံးပြုနိုင် မည့်စက်ရှိသော်လည်း စက်ပိတ် ထားကာ ယာဉ်မောင်းက ယာဉ် စီးခကောက်ခံမှုများ ရှိနေသေး ကြောင်းလည်း ခရီးသည်များ ထံမှ သိရသည်။
‘‘ QR Code နဲ့ ငွေပေးချေနိုင် မယ့် စနစ်အသုံးပြုတာက ကောင်း ပါတယ်။ အကြွေအတွက်လည်း စိတ်ပူစရာ မလိုတော့ဘူး။ ခရီး စရိတ်တွေ ပိုတောင်းတာတွေ လည်း ပျောက်သွားမှာပေါ့။ ဒီစနစ်ကို လက်ခံကြိုဆိုပါတယ်’’ ဟု ခရီးသည်တစ်ဦးက မှတ်ချက် ပြုသည်။
လက်ရှိတွင် ရန်ကုန်မြို့ အတွင်း YBS ယာဉ်လိုင်း ၁၃၀ ကျော်က YBS အစီးရေ ၃၀၀၀ ကျော်ဖြင့် ခရီးသည် ၁၅ သိန်း ကျော်ကို နေ့စဉ်ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။
MT