ယာယီနေရပ်စွန့်ခွာပြည်သူများ ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ လိုအပ်သည့်ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေး

ဘားအံ   ဧပြီ   ၃၀
ကရင်ပြည်နယ် ကော့ကရိတ်မြို့အတွင်းသို့ သောင်းကျန်းသူများ ဝင်ရောက်နေထိုင်ပြီး တိုက်ပွဲဖော်ဆောင် ခဲ့သည့်အတွက် တပ်မတော်က ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ရပြီး ယခုအခါ ယာယီနေရပ်စွန့်ခွာ ပြည်သူများ ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ဧပြီ ၃၀ ရက် နံနက်ပိုင်းက ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်  တာဝန်ရှိသူများက လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ကွင်းဆင်းကြည့်ရှုဆောင်ရွက်ပေးခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  ကော့ကရိတ်  (တံတား ကျိုး)စုပေါင်းစစ်ဆေးရေးစခန်း၌ ယာယီပြောင်းရွှေ့   နေထိုင်သည့် နေရာများမှ ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်   နေထိုင်ကြ မည့်  နေရပ်ပြန်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍    အားပေး စကားများ ပြောကြားသည်။
ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ဒေါနခန်းမ၌ နေရပ်ပြန်ပြည်သူများနှင့်တွေ့ဆုံရာ       ပြည်နယ်ဝန်ကြီးချုပ်က  ကော့ကရိတ်မြို့ကို     ပြန်လည် ထိန်းချုပ်နိုင်ပြီးဖြစ်သည့်အတွက် ငါးလကြာ      ယာယီပြောင်းရွှေ့ နေထိုင်ကြသည့်      ဒေသခံပြည်သူ များ မိမိနေရပ်သို့ပြန်လည်နေထိုင် နိုင်ပြီဖြစ်ကြောင်း၊ ယာယီပြောင်း ရွှေ့နေထိုင်ကြရသည့် ကာလတွင် လည်း    စားသောက်နေထိုင်ရေး အဆင်ပြေစေရန် ကူညီထောက်ပံ့ မှုများ          ဆောင်ရွက်ပေးခဲ့ပြီး ပြန်လည်ဝင်ရောက်   နေထိုင်ကြ သည့်  အိမ်ထောင်စုများကိုလည်း ဆက်လက် ထောက်ပံ့ကူညီမှုများဆောင်ရွက်ပေးသွားမည်         ဖြစ် ကြောင်း၊  ပျက်စီးဆုံးရှုံးမှုစာရင်း  များကိုလိုက်လံကောက်ယူလျက် ရှိပြီး         ဆုံးရှုံးမှုအနည်းအများ အလိုက်     ကူညီထောက်ပံ့ပေးနိုင် ရေး၊          ပြန်လည်ထူထောင်ရေး လုပ်ငန်းများ     ဆောင်ရွက်နိုင်ရန် ပြည်နယ်အဆင့် ပြန်လည်ထူထောင် ရေးကော်မတီကို  ဖွဲ့စည်းပေးထား ပြီး လိုအပ်ချက်များကို  ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်          ဖြစ် ကြောင်း ပြောကြားသည်။
ယင်းနောက်   ပြည်နယ်လူမှု ရေးရာဝန်ကြီး ဦးစောထွန်းအောင် က          ကော့ကရိတ်မြို့အတွင်း ပျက်စီးဆုံးရှုံးမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး  ကော့ကရိတ် ခရိုင်  စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေက     ကော့ကရိတ်မြို့ အတွင်း အိမ်ထောင်စုများ ပြန်လည် ပြောင်းရွှေ့နေထိုင်ကြသည့်အခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်  တာဝန် ရှိသူများက  ကော့ကရိတ်မြို့တွင်း ပြန်လည်နေထိုင်ကြသည့်    အိမ် ထောင်စုများအတွက် ဆန်ရိက္ခာဖိုး ငွေကျပ် ၉၀၀၀၆၀၀၊  ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် ဘေးအန္တရာယ် ဆိုင်ရာ       စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့်     ကယ်ဆယ်ရေး ပစ္စည်း ၁၇ မျိုးတို့ကို      ထောက်ပံ့ ပေးအပ်ရာ          အိမ်ထောင်စုများ ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား         ပြန်လည် ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည့်     ကော့ကရိတ် မြို့တွင်း ပြန်လည်နေထိုင်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်း နှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ကော့ကရိတ်မြို့ တောင်ပေါ်ကျောင်း    ဆရာတော် ဘဒ္ဒန္တသီရိဓမ္မအား    သွားရောက် ဖူးမြော်ကြည်ညို၍  သာသနာရေး ဆိုင်ရာများနှင့် ဒေသတွင်းပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင် ရွက်မည့်           အစီအစဉ်များကို လျှောက်ထားတင်ပြကာ ဆန်၊ ဆီ အစရှိသော  လှူဖွယ်ဝတ္ထုပစ္စည်း များနှင့်    နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကရိတ်မြို့ အတွင်း        ဝင်ရောက်နေထိုင် ပြီး            တိုက်ပွဲဖော်ဆောင်မှု ကြောင့်  ထိခိုက်ပျက်စီးသွားသော ကော့ကရိတ်မြို့  ပြည်သူ့ဆေးရုံ၊ မီးလောင်ပျက်စီးဆုံးရှုံးသွားသော လူနေအိမ်        အဆောက်အအုံများ၊ ဈေးဆိုင်ခန်းများ၊      ဘာသာရေး အဆောက်အအုံများအား လိုက်လံ ကြည့်ရှုစစ်ဆေးပြီး        နေရပ် ပြန်လည်နေထိုင်ကြသည့် ပြည်သူ များအား      ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေး၍     အပျက်အစီးများ အား လိုက်လံရှင်းလင်းပေးနေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များအား          တွေ့ဆုံ အားပေးကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည်  နဘူးတိုက်နယ် ဆေးရုံတွင် တက်ရောက် ဆေးကုသ မှုခံယူနေသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍   တစ်ဦးချင်း၏   ရောဂါ ဖြစ်ပွားမှု၊  ဆေးဝါးကုသပေးထားမှု နှင့်          ကျန်းမာရေးတိုးတက် ကောင်းမွန်လာမှုအခြေအနေများ ကို မေးမြန်းအားပေးကာ အာဟာရ ဖြည့်စွက်အစားအစာများထောက်ပံ့ ပေးအပ်ကြပြီး  အဆိုပါတိုက်နယ် ဆေးရုံတွင်   တာဝန်ထမ်းဆောင် လျက်ရှိသော   ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေး      ဝန်ထမ်းများအား စားသောက်ကုန်     ပစ္စည်းများနှင့် အထွေထွေအသုံးစရိတ်    ငွေကျပ် သုံးသိန်းကို     ထောက်ပံ့ပေးအပ် သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထီလုံ-တာပေါင်- ပတ-နဘူး-ကော့ကရိတ် (တံတား ကျိုး)  လမ်းပေါ်ရှိ  ကော့ပေါ်အင်း တံတားချဉ်းကပ်လမ်း   သဘာဝ ဘေးဒဏ်ကြောင့် ပျက်စီးယိုယွင်း နေမှုအခြေအနေ၊  အရှည်ပေ  ၅၀ အကျယ်ပေ  ၃၀ ရှိ တံတားအမှတ် ၆/၄၄       သံကူကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်း   ၉၅ ရာခိုင်နှုန်းခန့်   တည်ဆောက်ပြီးစီး မှုအခြေအနေ၊    အရှည်ပေ    ၉၀၊ အကျယ်ပေ ၃၀ ရှိ  တံတားအမှတ် ၃/၄၇        သံကူကွန်ကရစ်တံတား အမျိုးအစား  ၇၀  ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးမှုအခြေအနေ၊ အရှည်ပေ ၈၀ အကျယ် ပေ ၃၀ ရှိ တံတားအမှတ် ၁/၅၄ တည်ဆောက် ရေးလုပ်ငန်းနှင့်  အဆိုပါလမ်း ၈၆ ဒသမ ၅ ကီလိုမီတာမှ ၈၇ ကီလို မီတာလမ်းပိုင်းကို ၁၈ ပေ အကျယ် ကတ္တရာလမ်းသစ်ဖောက်လုပ်ခြင်း လုပ်ငန်းတို့ကို  ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြား ရေးမှူး   ဦးအောင်ညို၊   တံတား အထူးအဖွဲ့(၁၄)  ဒုတိယညွှန်ကြား ရေးမှူးနှင့်      တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍     ရှင်းလင်းတင်ပြကြ ပြီး     ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်        စံချိန်စံညွှန်းများနှင့် အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန်         မှာကြားခဲ့ ကြောင်း သိရသည်။
စောမျိုးမင်းသိန်း
(ပြန်/ဆက်)