
နေပြည်တော် နိုဝင်ဘာ ၁၈
နိုင်ငံတော်အစိုးရ၏ ယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ရေး အတွက် ကျရာကဏ္ဍမှ တာဝန် သိစိတ်ဖြင့် ဆောင်ရွက်နေကြ သည့် ဝန်ထမ်းများကို စိတ်လက် ပေါ့ပါးစွာ အပန်းပြေပျော်ရွှင်မှု ရရှိစေရန် ရည်ရွယ်ချက်ဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေး မြှင့်တင်မှုတစ်ခုအဖြစ် ပြန်ကြား ရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေး ဂီတအဖွဲ့နှင့်အတူ မြန်မာ့အသံမှ တေးသံရှင်များက နေပြည်တော်ရှိ ဝန်ကြီးဌာနများသို့ လှည့်လည် ဖျော်ဖြေလျက်ရှိသည်။
ကြည့်ရှုအားပေး
အဆိုပါဖျော်ဖြေပွဲကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန လောက နတ်ခန်းမ၌ကျင်းပရာ နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဇနီး၊ အပြည်ပြည်ဆိုင်ရာ ပူပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ တက် ရောက် ကြည့်ရှုအားပေးကြသည်။
ပေးအပ်ချီးမြှင့်
ဖျော်ဖြေပွဲတွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား ခေတ်ပေါ် တေးဂီတအဖွဲ့နှင့်အတူ နိုင်ငံကျော် တေးသံရှင်ဂျင်းနီ၊ မြန်မာ့အသံမှ တေးသံရှင်များက တေးသရုပ်ဖော် အကများ၊ မြန်မာသံစဉ် တေး သီချင်းများ၊ ခေတ်ပေါ်တေးသီချင်း များဖြင့်လည်းကောင်း၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၏ အဉ္ဇလီ အငြိမ့်အဖွဲ့မှ ခေါင်းဆောင် မင်းသမီး မြတ်ဆုချယ်၊ ရှေ့ထွက် မင်းသမီး ဖူးဧကရီဆောင်း၊ လူရွှင် တော် စောမင်းနောင်၊ ဇော်မင်း ထွန်း၊ ဇင်ဝိုင်း၊ ကျော်မင်းစိုး၊ မျိုးကျော်သူနှင့် စိုင်းစည်သူတို့က အငြိမ့်ကပြမှုဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ကြရာ ပြည် ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲ များနှင့် ဇနီးများ၊ အရာထမ်း၊ အမှု ထမ်းများ၊ ဝန်ထမ်းမိသားစုဝင် များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြ ပြီး ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးတို့က တေးဂီတ အဖွဲ့၊ မြန်မာ့အသံမှ တေးသံရှင် များနှင့် အနုပညာရှင်များအား ဂုဏ်ပြုသစ်သီးခြင်းနှင့် ဂုဏ်ပြုဆု ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်