ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းအမှတ်စဉ်(၂) ဖွင့်

 

ရန်ကုန်   နိုဝင်ဘာ  ၂၈ 


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ    ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှ  ဝန်ထမ်းများ အနေဖြင့်    လုပ်ငန်းစွမ်းဆောင်ရည်များ   တိုးတက် မြင့်မားစေရန်နှင့်   လုပ်ငန်းများဆောင်ရွက်ရာတွင် တိကျမှန်ကန်မြန်ဆန်စွာ        အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရေးအတွက်ရည်ရွယ်၍ ဝန်ထမ်း များ       စွမ်းဆောင်ရည်မြင့်မားရေး      သင်တန်း အမှတ်စဉ်(၂)  သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး  ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သင်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင်      ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်       ဦးဌေးအောင်နှင့်       တာဝန်ရှိသူများ၊   ပြန်ကြားရေးနှင့်    ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ         ညွှန်ကြားရေးမှူးများ၊     ရန်ကုန်တိုင်းဒေသကြီးရုံးမှ တိုင်းဒေသကြီး ဦးစီးမှူးညွှန်ကြားရေးမှူး ဦးဆန်းဝင်း နှင့် တာဝန်ရှိသူများ၊  သင်တန်းသားသင်တန်းသူများ တက်ရောက်ကြပြီး   တိုင်းဒေသကြီး  ဥပဒေချုပ်က ဝန်ထမ်းကောင်းမှ              နိုင်ငံကောင်းမည်ဆိုသည့် စကားအတိုင်း       နိုင်ငံတော်၏   ယန္တရားများ ဟန်ချက်ညီ လည်ပတ်နိုင်ရန်အတွက်       ဝန်ထမ်းများ စွမ်းအားနှင့်   အရည်အချင်းပြည့်ဝပြီး    လုပ်ငန်းပိုင်း ဆိုင်ရာ  ကျွမ်းကျင်မှုနှင့် အသိအမြင်ဗဟုသုတများ ကြွယ်ဝသော  စွမ်းဆောင်ရည်များ မြင့်မားတိုးတက် သည့် ဝန်ထမ်းကောင်းများ          ဖြစ်လာစေရန်ရည်ရွယ်၍ စွမ်းရည်မြှင့်သင်တန်းများကို      ဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက် ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန  တိုင်းဒေသကြီး  ညွှန်ကြားရေးမှူးက သင်တန်းဖွင့်လှစ်မှုနှင့်ပတ်သက်၍            ရှင်းလင်း ပြောကြားသည်။     အဆိုပါဝန်ထမ်းများ    စွမ်းဆောင် ရည်မြင့်မားရေး သင်တန်းအမှတ်စဉ်(၂)  သင်တန်းကို နိုဝင်ဘာ  ၂၈  ရက်မှ  ၃၀   ရက်အထိ ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ      ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများမှ အမှုထမ်း ၃၀ တို့အား   ပြန်ကြားရေးနှင့်   ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ပြည်သူ့ဆက်ဆံရေး ဘာသာ ရပ်၊  ရုံးလုပ်ငန်းဘာသာရပ်၊    နိုင်ငံ့ဝန်ထမ်း ဥပဒေ၊   နည်းဥပဒေများ၊    ဝန်ထမ်းကျင့်ဝတ်များနှင့် စာကြည့်တိုက်          ဝန်ဆောင်မှုလုပ်ငန်းများကို   သက်ဆိုင်ရာတာဝန်ရှိသူများက      သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်း သိရသည်။                       


အောင်မြင့် (ပြန်/ဆက်)