ဝင်ငွေအမြန်ဆုံးပြန်လည်ရရှိနိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းကို ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်

 

ပဲခူး   မတ်   ၁၈


ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးနိုင်သော မြေဧရိ ယာ ဧကသိန်း ၃၀ ကျော်ရှိရာ အဆိုပါမြေများတွင် သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရေးအတွက် တောင်သူ များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားရမည်ဖြစ်ကြောင်း၊      ဝင်ငွေအမြန်ဆုံး ပြန်လည်ရရှိနိုင်သည့်   (QuickWin)   စိုက်ပျိုးရေး လုပ်ငန်းကို    ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်   ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးမျိုးဆွေဝင်းက ပြောကြားသည်။

 


ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး      တော်ဝင် ဟံသာအစည်းအဝေးခန်းမ၌   ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ ခြင်းဖြစ်သည်။

 


စံပြမွေးမြူရေးခြံများ ဖော်ဆောင်


ဆက်လက်၍     တိုင်းဒေသကြီးဝန်ကြီးချုပ်က မွေးမြူရေးနှင့်ပတ်သက်၍       မျိုးကောင်းမျိုးသန့်  ဖြန့်ဖြူးပေးခြင်းကို  ကျေးရွာများအထိ အသိပညာ  ပေးခြင်း၊ စံပြမွေးမြူရေးခြံများ ဖော်ဆောင်ခြင်းတို့ကို  ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊    ကျေးရွာ များတွင်   စိုက်ပျိုးသီးနှံ      တန်ဖိုးမြှင့်ထုတ်ကုန် သင်တန်းပေးခြင်းနှင့်အတူ လက်တွေ့အသုံးဝင်သည့် အခြေခံ လူသုံးကုန်ပစ္စည်းငါးမျိုး    ထုတ်လုပ်နိုင်ရေး သင်တန်းပေးသွားရန်   လိုအပ်ကြောင်း   ပြောကြား သည်။

 


ထို့နောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်များ နှင့် ပဲခူး/ တောင်ငူ/ ပြည်နှင့်   သာယာဝတီခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက တိုင်းဒေသကြီးအတွင်း  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက် မည့်လုပ်ငန်းစဉ်များကို      ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့က  အကြံပြုဆွေးနွေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် က ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။  


သတင်းစဉ်