“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စစ်ဆေး

 

ဟိုပန်   ဖေဖော်ဝါရီ   ၄
“ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့     ဥက္ကဋ္ဌ ဦးညီနပ်သည်       အဖွဲ့ဝင်များနှင့် အတူ ယမန်နေ့က  ဟိုပန်မြို့နယ်  မန်မိုင်ရပ်ကွက်နှင့်  ရွှေဝါကျေးရွာ တို့      ဆက်သွယ်ထားသည့်  လမ်းပိုင်းအရှည် (၂/၀)မိုင်ရှိသည့် အနက်(၁/၀)မိုင်အား  ကျောက် ချော     လမ်းခင်းခြင်း​လုပ်ငန်း   ဆောင်ရွက်နေသည့်  အခြေအနေ ကို  ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ သည်။
ကွင်းဆင်း      စစ်ဆေးရာ တွင်    တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ   ဦးညီနပ်၊   အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းနှင့်     အဖွဲ့ဝင်များ၊  ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်        အဖွဲ့ဝင်များ က      ၂၀၂၂-၂၀၂၃     ဘဏ္ဍာနှစ် ပြည်ထောင်စု    ခွင့်ပြုရန်ပုံငွေ ကျပ်  ၁၅၆ ဒသမ ၇၉၅ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့်   ဟိုပန် မြို့နယ် မန်မိုင်နှင့် နမ့်လျှံရပ်ကွက် များမှ ရွှေဝါကျေးရွာသို့ ဆက်သွယ် ဖောက်လုပ်နေသည့် လမ်းအရှည် တစ်မိုင်  ကျောက်ချောလမ်းခင်း ခြင်း     လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို    ကြည့်ရှုရာ  ခရိုင်ဖွံ့ဖြိုးမှု       ကြီးကြပ်ရေးရုံး မှ     ဒုတိယညွှန်ကြားရေးမှူး  ဦးခင်မောင်ဦးနှင့်   တာဝန်ရှိသူ များက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို    ရှင်းလင်း တင်ပြကြရာ   ဥက္ကဋ္ဌက   လမ်း အရည်အသွေး    ပြည့်မီစေရေး စနစ်တကျ ဆောင်ရွက်သွားကြရန် နှင့် လိုအပ်သည်များကို  မှာကြား ခဲ့သည်။ 
ဆက်လက်၍    ဥက္ကဋ္ဌနှင့် အဖွဲ့သည် အဆိုပါ  လမ်းပိုင်းနှစ် မိုင်မှ ကျောက်ချောလမ်းခင်းရန် ကျန်ရှိသည့် လမ်းပိုင်းတစ်မိုင်အား  ကြည့်ရှုစစ်ဆေးရာ  လမ်းဧရိယာ အတိုင်း၊       အဖြောင့်အတိုင်း ဖောက်လုပ်ရန်နှင့်    လမ်းအနိမ့် အမြင့်ညီညာစေရန်   မြေသား ညှိခြင်းလုပ်ငန်းများ  ဆောင်ရွက် နိုင်ရေးအတွက်     သက်ဆိုင်ရာ ဌာနများက  ရော်ဘာခြံပိုင်ရှင်များ နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရန်    မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်
(ပြန်/ဆက်)