“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဖာလင်ကျေးရွာအုပ်စုရှိ လူငယ်ဘဝပြုစုပျိုးထောင်ရေးအသင်းသို့ ထောက်ပံ့ငွေများနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်

 

ဟိုပန်   ဒီဇင်ဘာ   ၆


“ဝ” ကိုယ်ပိုင်   အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့        ဥက္ကဋ္ဌ ဦးညီနပ်သည်   ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ  စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ     ဦးမြင့်ဆွေ၊ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၅ ရက်က ဖာလင်ကျေးရွာအုပ်စုရှိ  “လူငယ်ဘဝ  ပြုစုပျိုးထောင်ရေး အသင်း” ခန်းမ၌ မူးယစ်ဆေးဝါး ဖြတ်သူများကို    တွေ့ဆုံအားပေး စကား ပြောကြားပြီး  ထောက်ပံ့ငွေ နှင့် စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သည်။

 


ထို့နောက်      “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌသည်    ဟိုပန်မြို့နယ် ပြည်သူ့ဆေးရုံသို့   ရောက်ရှိပြီး ဆေးရုံတက်ရောက်    ကုသနေသူ များနှင့် ကျန်းမာရေး ဝန်ထမ်းများ အတွက်    စားသောက်ဖွယ်ရာ များနှင့်         ထောက်ပံ့ငွေများ  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း  သိရ သည်။                    

သတင်းစဉ်