ဝါကြိတ်စက် စက်မှုလုပ်ငန်း၏ လမ်းကြောင်းအသစ်များ

7

 

ကိုချင်း  

ကမ္ဘာ့အဆင့်ဝါကြိတ်ခြင်းအား ခြုံငုံသုံးသပ်ချက်
ဝါသည် ကမ္ဘာတစ်ဝန်းတွင် စိုက်ပျိုးထုတ်လုပ် သော သီးနှံတစ်မျိုးဖြစ်ပြီး               ကမ္ဘာ့အထည်အလိပ် လုပ်ငန်းကို တွန်းအားပေး မောင်းနှင်ပါသည်။ ဝါဂွမ်း ၏ သမိုင်းသည် မှတ်တမ်းတင်ထားသော သမိုင်း ထက် သက်တမ်းပိုကြီးပြီး ၎င်းသည် စက်မှုပြုပြင် ပြောင်းလဲရေးကို လှုံ့ဆော်ပေးကာ ကမ္ဘာ့ရေပန်း အစားဆုံး သဘာဝမှရရှိသည့်အမျှင် (Fibre)  ဖြစ်ပါ သည်။ ၎င်းကိုအသုံးပြုရန် ပြင်ဆင်ရာတွင် ဝါကြိတ် ခြင်းသည် ဝါခူးဆွတ်ပြီးနောက် ဝါစေ့နှင့်အမျှင်ကို ခွဲထုတ်သည့် ပထမဆုံးလုပ်ငန်းစဉ်ဖြစ်ပါသည်။
ပညာရှင်တို့၏ ပြောကြားချက်အရ ဝါကြိတ်ခြင်း သည်   ဝါစေ့များနှင့်အမျှင်များကို   ခွဲထုတ်သည့် လုပ်ငန်းစဉ်ကို ရည်ညွှန်းပါသည်။   ဝါကြိတ်စက် (Cotton Gin)၏ အဓိကလုပ်ငန်းဆောင်တာသည် စိုက်ပျိုးသီးနှံကို ရောင်းရလွယ်ကူသောကုန်စည် အဖြစ်သို့ ပြောင်းလဲပေးခြင်းဖြစ်ပါသည်။ ထို့ကြောင့် ၎င်းသည် ဝါစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်ထုတ် လုပ်မှုတို့အကြား ပေါင်းကူးတံတားဖြစ်ပါသည်။ 
တစ်ချိန်က ဝါကြိတ်စက်၏တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဝါစေ့နှင့်အမျှင်များကို ခွဲထုတ်ရန် ဖြစ်ပါသည်။ သို့သော် ယနေ့ခေတ်တွင် ဝါကြိတ်စက် သည် ပိုမိုလုပ်ဆောင်ရန် လိုအပ်ပါသည်။ စက်ဖြင့် ခူးဆွတ်ထားသောဝါများကို  ရောင်းအားကောင်း သည့် ထုတ်ကုန်အဖြစ် ပြောင်းလဲရန်အတွက် ယနေ့ ခေတ် ဝါကြိတ်စက်များသည် ဝါစေ့ကို အခြောက်ခံကာ သန့်စင်ရန်၊ အစေ့နှင့်အမျှင်များကို ခွဲထုတ်ကာ အမျှင် များကို ထပ်မံသန့်စင်၍ ကုန်သွယ်မှုအတွက် လက်ခံ နိုင်သည့် ထုပ်ပိုးပုံစံဖြင့် ထားရှိရမည်ဖြစ်ပါသည်။ 
ဝါကြိတ်စက်သည် ငွေသားတန်ဖိုးရသည့် အမျှင် နှင့် ဝါစေ့ထုတ်ကုန်နှစ်ခုကို ထုတ်လုပ်ပါသည်။ ဝါစေ့ များကို များသောအားဖြင့် အရေးကြီးသော တန်ဖိုးရှိ ထုတ်ကုန်များအဖြစ် ပြောင်းလဲရန်အတွက် ဝါစေ့ ဆီစက်များသို့  ရောင်းချသော်လည်း  အချို့ကိစ္စများ တွင် ၎င်းတို့ကို စိုက်ပျိုးရန်အတွက် သိမ်းဆည်းထား နိုင်ပါသည်။  အမျှင်များသည်  ပိုပြီးတန်ဖိုးရှိသော ထုတ်ကုန်များဖြစ်ပြီး ဝါကြိတ်စက်များ၏ ဒီဇိုင်းနှင့် လည်ပတ်ထုတ်လုပ်မှုသည်  အမျှင်ထုတ်လုပ်မှုကို ပိုပြီးဦးတည်လေ့ရှိပါသည်။  အနှစ်သာရအားဖြင့် ခေတ်မီဝါကြိတ်စက်များသည် အစေ့နှင့် အမျှင်များ ကိုခွဲထုတ်ကာ အမျှင်၏မူလအရည်အသွေးများကို တတ်နိုင်သမျှနီးပါး ထိန်းသိမ်းကာ မလိုလားသည့် အမှိုက်သရိုက်များကို ဖယ်ရှားခြင်းဖြင့် ဝါဂွမ်း၏ တန်ဖိုးကို မြှင့်တင်ပေးခြင်းဖြစ်ပါသည်။
လယ်ကွင်းအတွင်းရှိ ရင့်မှည့်ပြီး ပွင့်အာလာ သည့် ဝါသီးကို ဆန်းစစ်ကြည့်သောအခါ ပိုးမွှားများ၊ အမှိုက်များနှင့်    အခြားအပြစ်အနာအဆာများ ကင်းစင်သော လှပသောပိုးသားမျှင်များကို တွေ့ရှိရ ပါသည်။ လက်ဖြင့် ဝါကြိတ်ခြင်းဖြင့် နောက်ဆုံးတွင် ကျွန်ုပ်တို့ အလိုရှိသည့် အမျှင်၏ အမြင့်ဆုံးအရှည် ကိုရရှိနိုင်ပြီး အထည်များ သို့မဟုတ် အခြားထုတ်ကုန် များပြုလုပ်ရန် အကောင်းဆုံးဖြစ်အောင်ပြုလုပ်ထား သော ချည်မျှင်များကို ထုတ်လုပ်ရန် အသုံးပြုနိုင်ပါ သည်။ သို့သော်လည်း ပမာဏများများ ခူးဆွတ်ပြီး နောက် ဝါကြိတ်စက်ရုံတွင် တူညီသောပမာဏကို စက်ဖြင့် စီမံဆောင်ရွက်သောအခါ အမှိုက်များနှင့် အစိုဓာတ်အမျိုးမျိုးပါဝင်ပြီး       တန်ဖိုးနည်းသော ထုတ်ကုန်ဖြစ်သည့်   အမျှင်တိုသောအမျှင်ကို   ရရှိ ပါသည်။ 
အရည်အသွေးမြင့် ချည်မျှင်ကုန်ကြမ်းဖြင့်သာ ကောင်းသောအထည်များကို  ပြုလုပ်နိုင်သည်ကို ကျွန်ုပ်တို့အားလုံး သိပါသည်။ ထို့အပြင်   ဝါဂွမ်း ပြုလုပ်ရာတွင် ယှဉ်ပြိုင်မှုရှိပြီး လက်ခံနိုင်ဖွယ်ရှိသော ဝါဂွမ်း၏ ထုတ်လုပ်မှုကုန်ကျစရိတ်သည် အရေးကြီး သော အခန်းကဏ္ဍမှ ပါဝင်ပါသည်။   ထို့ကြောင့် ဝါကြိတ်လုပ်ငန်းစဉ်တွင် ကုန်ကျစရိတ်အနည်းဆုံး ဖြင့် မူလအမျှင်အရည်အသွေးများအတိုင်း ထိန်းသိမ်း လုပ်ဆောင်ခြင်းဖြင့် ရည်မှန်းချက်ပြည့်မီရန် ကြိုးပမ်း အားထုတ်သင့်ပါသည်။
စက်ပစ္စည်းရွေးချယ်မှုနှင့်     ဒီဇိုင်းစနစ်အတွက် အမျှင်ရှည်မှလွဲ၍ အမျှင်၏သေးသွယ်မှုနှင့် ရင့်မှည့်မှု (micronaire)၊ အစိုဓာတ်ပါဝင်မှု၊ အမှိုက်ပါဝင်မှုနှင့် ကွဲပြားခြားနားသောနိုင်ငံ သို့မဟုတ် နေရာဒေသ များ၏ သယ်ယူပို့ဆောင်ရေးအလေ့အထများသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ ဝါဂွမ်း ထုတ်လုပ်မည့် အစိုးရ၏မူဝါဒများ၊ စိတ်ကြိုက်နည်း လမ်းဖြင့်   ဝါကြိတ်ခြင်း၊   ပုဂ္ဂလိကပိုင် သို့မဟုတ် အစိုးရပိုင် ဝါကြိတ်ခြင်းအပြင် ငွေကြေးထောက်ပံ့မှု ပုံစံများကဲ့သို့သော  အကြောင်းအရာများသည် ဝါစက်ပိုင်ရှင်များက ဝါကြိတ်မည့်  နည်းလမ်းနှင့်  ဝါကြိတ်ကိရိယာများ ရွေးချယ်မှုအပေါ် လွှမ်းမိုးမှုရှိ မည်ဖြစ်ပါသည်။ 
ဝါကြိတ်ကိရိယာများကိုရွေးချယ်ရန် အကောင်း ဆုံးနည်းလမ်းမှာ နည်းပညာဆိုင်ရာ လိုအပ်ချက်များ ကို  ထည့်သွင်းစဉ်းစားရန်ဖြစ်ပါသည်။ ဤစံနှုန်းများ ကို အခြေခံ၍ ကြိတ်လုံးဖြင့် ဝါကြိတ်ခြင်းပြုလုပ်မှု သည် ရှည်လျားသော/ ပိုရှည်လျားသော ဝါချည်မျှင် အတွက် အလွန်အကျိုးရှိကြောင်း သက်သေပြခဲ့ပါ သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် သဘာဝ အမျှင်   အရည်အသွေးများကို   အမြင့်ဆုံးအထိ ထိန်းသိမ်းပေးပြီး လွှသွားပါ ဝါကြိတ်စက်ဖြင့် ဝါကြိတ် ခြင်း (Saw Ginning) နှင့် နှိုင်းယှဉ်လျှင် အမျှင်ပျက်စီး မှု အနည်းဆုံးဖြစ်စေသောကြောင့် ဖြစ်ပါသည်။
အစေ့နှင့် အမျှင်များကို ခွဲထုတ်ရန် ကြိတ်လုံးဖြင့် ဝါကြိတ်ခြင်း (Roller Ginning) သည် ရှေးအကျဆုံး လုပ်ငန်းစဉ်များထဲမှ တစ်ခုဖြစ်ပါသည်။ ရိုးရှင်းသော ကြိတ်လုံးပါ လက်ကိုင်ဝါကြိတ်စက် (Handheld Roller Gin) များကို      အရှေ့ဖျားနိုင်ငံများတွင် အနည်းဆုံး အေဒီ ၅၀၀ ခန့်ကတည်းက     စတင် အသုံးပြုလာခဲ့ကြပါသည်။      မကြာသေးမီအချိန် များက ကြိတ်လုံးဖြင့်ဝါကြိတ်ခြင်း၏ အရေးပါမှု သည် လျင်မြန်စွာတိုးပွားလာနေပြီး ၂၀၀၀ ပြည့်နှစ် တွင် ကမ္ဘာ့ဝါ၏ ၁၅ ရာခိုင်နှုန်းကိုသာ     ကြိတ်လုံးပါ ဝါကြိတ်စက်(Roller Gin)ဖြင့် ကြိတ်ခဲ့ပြီး ၂၀၁၃ ခုနှစ် တွင် ကြိတ်လုံးပါ   ဝါကြိတ်စက်ဖြင့်  ဝါကြိတ်သည့် ပမာဏသည်   ကမ္ဘာတစ်ဝန်း၌   ၃၅  ရာခိုင်နှုန်း ကျော်လွန်သွားပါသည်။ 
လွှသွားပါ ဝါကြိတ်စက်ဖြင့် ဝါကြိတ်ခြင်း (Saw Ginning) ကဲ့သို့သော အခြားနည်းပညာများထက် ကြိတ်လုံးဖြင့် ဝါကြိတ်ခြင်း၏ အားသာချက်များအား ဝါကြိတ်သူများကို ပို၍ပို၍ဆွဲဆောင်လာခြင်းမှာ ကြိတ်လုံးပါ ဝါကြိတ်စက်အသုံးပြုမှု ပိုမိုတိုးမြင့်လာ မှု၏ နောက်ထပ်တစ်ချက်ဖြစ်ပါသည်။
လက်ရှိ ကမ္ဘာတစ်ဝန်းတွင် ကြိတ်လုံးဖြင့် ဝါကြိတ်ခြင်း နည်းပညာ သုံးမျိုးရှိပါသည်-
၁။    ကြိတ်လုံး   တစ်လုံးပါ   ဝါကြိတ်စက် (Single Roller (McCarthy))
၂။    ကြိတ်လုံးတစ်လုံးနှင့်    လည်နေသော ဓားပါ         ကြိတ်လုံးဖြင့်   ဝါကြိတ်စက် (Single Roller Rotobar Rotary Knife Roller)
၃။    ကြိတ်လုံး   နှစ်လုံးပါ   ဝါကြိတ်စက် (အလုံပိတ်) (Double Roller (close type))
အစေ့နှင့်အမျှင်ကို ဖယ်ရှားသည့်နည်းလမ်းများ မှာ သိသိသာသာကွဲပြားပါသည်။   ကြိတ်လုံးပါ ဝါကြိတ်စက် အမျိုးအစားတစ်ခုစီတွင် အမျှင်နှင့် အစေ့၏ ဝိသေသလက္ခဏာများနှင့် စွမ်းရည်လိုအပ် ချက်များအပေါ် အခြေခံ၍ ကွဲပြားခြားနားသော ဝါဂွမ်းမျိုးကွဲများအား ကြိတ်ခြင်းအတွက် သင့်လျော် သော ဒီဇိုင်းနှင့် စွမ်းဆောင်ချက်များရှိပါသည်။
“ကြိတ်လုံးဖြင့်ဝါကြိတ်ခြင်း (Roller Ginning)” ဟူသော အသုံးအနှုန်းကို အထက်တွင်ဖော်ပြထား သော နည်းပညာသုံးမျိုးတွင် အသုံးများသောကြောင့် ပြည့်စုံသောဖော်ပြချက်မရှိပါက  ဒေသတစ်ခုတွင် ကြိတ်လုံးပါ ဝါကြိတ်စက် နည်းပညာအမျိုးအစား တစ်ခုတည်းကိုသာ သိရှိနိုင်ပြီး ရှုပ်ထွေးနိုင်သည်ဟု ယူဆနိုင်ပါသည်။ ကြိတ်လုံးဖြင့်ဝါကြိတ်ခြင်းသည် လူတို့သိသည့်အရာသာဖြစ်သည်ဟု လူတို့ထင်ကောင်း ထင်နိုင်ပြီး ၎င်းသည် လွဲမှားသောကောက်ချက်အချို့ ကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် ကြိတ်လုံးပါ ဝါကြိတ်စက်အမျိုးအစားတစ်ခုစီ၏ ပြီးပြည့်စုံသော ဖော်ပြချက်များနှင့် ဝိသေသလက္ခဏာများအကြောင်း သိရှိရန်လိုအပ်ပါသည်။
ကြိတ်လုံးဖြင့်    ဝါကြိတ်ခြင်းသည်   ရှည်လျား သည့်/ ပိုမိုရှည်လျားသည့် ချည်မျှင်မျိုးကွဲများအတွက် သာ  သင့်လျော်သည်ဟု  ဒဏ္ဍာရီတစ်ခုရှိပါသည်။ သို့သော်လည်း လက်တွေ့စမ်းသပ်မှုများနှင့် ရလဒ် များအရ ကြိတ်လုံးဖြင့်  ဝါကြိတ်ခြင်း နည်းပညာများ သည် လည်ပတ်မှုဆိုင်ရာ        စာမျက်နှာ ၁၂ သို့ 

စာမျက်နှာ ၁၁ မှ 
ချိန်ညှိထားသည့်  အပြင်အဆင်များအရ ကုန်းမြင့် ဒေသထွက် အမျှင်လတ် ချည်မျှင်အမျိုးမျိုးအတွက် ကောင်းမွန်ကြောင်းကို   ပြသခဲ့ပါသည်။ အမျှင်တို ချည်မျှင်အမျိုးမျိုးအတွက် ကြိတ်လုံးပါ ဝါကြိတ်စက် အချို့ကို ပြုပြင်မွမ်းမံပြီးလည်း အသုံးပြုနိုင်ပါသည်။ ဝါကြိတ်မည့်    နည်းလမ်းကို   ဆုံးဖြတ်ရာတွင် သွင်းအားစု၏       စွမ်းရည်လိုအပ်ချက်များသည် အရေးကြီးသောအချက်ဖြစ်ပါသည်။
အချို့နေရာများတွင် ကြိတ်လုံးပါ ဝါကြိတ်စက် ကို လက်ဖြင့် ခူးဆွတ်ထားသည့် ဝါဂွမ်းသန့်သန့် အတွက်သာ  အသုံးပြုနိုင်ကြောင်း  ဒဏ္ဍာရီရှိပြီး အကြိုသန့်စင်ခြင်း (pre-cleaning) နှင့် ဝါကြိတ် ခြင်းသည် လုံးဝခြားနားသော ဘာသာရပ်ဖြစ်ပြီး စက်ဖြင့် ခူးဆွတ်ထားသော ဝါဂွမ်းကို သန့်စင်ပြီး သည်နှင့် ကြိတ်လုံးပါ ဝါကြိတ်စက်ဖြင့် ကြိတ်ခြင်း သည့် အကျိုးရှိနိုင်ပါသည်။
မြောက်အမေရိကနှင့် တောင်အမေရိကတွင် “ကြိတ်လုံးပါ ဝါကြိတ်စက် (Roller Gin)” ဟူ သော အသုံးအနှုန်းသည် များသောအားဖြင့် လည်နေသော ဓားပါ ကြိတ်လုံးဖြင့် ဝါကြိတ်စက် (Rotobar Rotary Knife Roller Gin) ကို ရည်ညွှန်းပြီး အချို့လွဲမှားသော ကောက်ချက်များကို  ယင်းအပေါ်   အခြေခံ၍ ရေးသားကြပါသည်။ ကြိတ်လုံးပါ ဝါကြိတ်စက်များ ဖြင့်   ကြိတ်ထားသော   ဝါဂွမ်းစုစုပေါင်းအနက်မှ အမြင့်ဆုံးရာခိုင်နှုန်းကို ကြိတ်လုံးနှစ်လုံးပါ ဝါကြိတ် စက် (Double Roller Gin) များဖြင့် ကြိတ်ထားခြင်း ဖြစ်ပြီး ၎င်းသည် လည်နေသောဓားပါ ကြိတ်လုံးဖြင့် ဝါကြိတ်စက်နှင့်   လုံးဝကွဲပြားသည့်   နည်းပညာ ဖြစ်ပါသည်။
 ကြိတ်လုံးဖြင့် ဝါကြိတ်ခြင်း နည်းပညာဖြင့် ကြိတ်ထားသော ဝါဂွမ်းဘေထုပ် ၄၅ သန်းခန့် ရှိ သည့်အနက်မှ ဘေထုပ်  ၄၂ သန်းခန့်ကို  အိန္ဒိယ၊ အာဖရိကနှင့် အခြားနိုင်ငံအချို့ရှိ ကြိတ်လုံးနှစ်လုံးပါ ဝါကြိတ်စက်များမှ ကြိတ်ထားပါသည်။ ကြိတ်လုံး ဖြင့် ကြိတ်ထားသော ဝါဂွမ်း ၉၀ ရာခိုင်နှုန်းကျော်ကို ကြိတ်လုံးနှစ်လုံးပါ ဝါကြိတ်စက်ဖြင့်  လုပ်ဆောင် ထားပါသည်။      ဘေထုပ်နှစ်သန်းခန့်အတွက် ကြိတ်လုံး တစ်လုံးတည်းပါ ဝါကြိတ်စက် [Single Roller (McCarthy)] များကို အသုံးပြုထားကြပြီး လည်နေသောဓားပါ  ကြိတ်လုံးဖြင့်  ဝါကြိတ်စက် (Rotobar Rotary Knife Roller Gin) များကို ဘေထုပ်တစ်သန်းခန့်သာ       အသုံးပြုပါသည်။ လည်နေသောဓားပါ   ကြိတ်လုံးဖြင့်  ဝါကြိတ်စက် ကို အမေရိကန်နိုင်ငံတွင် သုတေသနပြုလုပ်နေပြီး မြန်နှုန်းမြင့်လည်နေသောဓားပါ    ကြိတ်လုံးဖြင့် ဝါကြိတ်ခြင်းနည်းပညာကို အသုံးပြုမှု  တိုးလာပါ သည်။ အိန္ဒိယတွင် ကြိတ်လုံးနှစ်လုံးပါ ဝါကြိတ်စက် များအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သုတေသန ပြုလျက်ရှိပါသည်။ မကြာသေးမီက ကြိတ်လုံးနှစ်လုံး ပါ ဝါကြိတ်စက် ပုံစံအသစ်ကို မိတ်ဆက်ခဲ့ပြီး အလို အလျောက် စီမံဆောင်ရွက်နိုင်မှုကြောင့် ထုတ်လုပ်မှု စွမ်းရည်နှင့် တစ်ယူနစ် ကုန်ကျစရိတ် သက်သာလာ ပါသည်။ လူအင်အား လိုအပ်ချက်မှာလည်း လွှသွား ပါ ဝါကြိတ်စက် (Saw Gin) သို့မဟုတ် လည်နေသော ဓားပါ ကြိတ်လုံးဖြင့် ဝါကြိတ်စက်များနှင့် နီးနီးစပ်စပ် တူညီပြီး ၎င်းသည် စီးပွားရေးအရ တွက်ခြေအကိုက်ဆုံး သော ဝါကြိတ်နည်းပညာတစ်ခု ဖြစ်လာစေပါသည်။
ကုန်းမြင့်ဒေသထွက်   ဝါကို    ကြိတ်လုံးပါ ဝါကြိတ်စက် (Roller Gin) ဖြင့် ကြိတ်ရာမှ အရည် အသွေးကောင်းမွန်သော အမျှင်များ တိုးတက်ရရှိလာ မှုကြောင့် စျေးကွက်အသစ်များ ဖွင့်လှစ်နိုင်ပါသည်။ ကုန်းမြင့်ဒေသထွက်  ဝါအတွက် ပြုပြင်ပြီးသော အရည်သွေးမြင့် ကြိတ်လုံးပါ ဝါကြိတ်စက်များ ရရှိ ပြီး မူလရှိပြီးသား မြောက်မြားစွာသော ကြိတ်လုံးပါ ဝါကြိတ်စက်များနှင့် လဲလှယ်မှုများကို ပြုလုပ်ရန် အနာဂတ်တွင်  စီစဉ်ထားပါသည်။  မြန်နှုန်းမြင့် ကြိတ်လုံးပါ ဝါကြိတ်စက်များကို ပိုမိုအသုံးပြုလာ သည်နှင့်အမျှ ကြိတ်လုံးသက်တမ်း၏ ပိုမိုကောင်းမွန် သော အကဲဖြတ်မှုများ ထွက်ပေါ်လာပါသည်။ 
မကြာသေးမီအချိန်များတွင် ကြိတ်လုံးနှစ်လုံး ပါ ဝါကြိတ်စက်ဖြင့် ဝါကြိတ်ခြင်းသည် အလျင်မြန် ဆုံး  ကြီးထွားလာသော   ဝါကြိတ်နည်းပညာဖြစ်ပြီး နှစ်စဉ် အလွန်မြင့်မားသောနှုန်းဖြင့် တိုးတက်လာပါ သည်။ လက်ရှိအချိန်တွင် ကမ္ဘာ့ဝါဂွမ်း၏ ၁၅ ရာခိုင် နှုန်းမှ ၃၅ ရာခိုင်နှုန်းသို့ ကြိတ်လုံးဖြင့် ဝါကြိတ်ခြင်း (Roller Ginning) ၏  ဝေစုတိုးလာရခြင်း  အဓိက အကြောင်းရင်းမှာ အရည်အသွေး မြင့်မားသောအမျှင် ၏ ဝယ်လိုအား    တိုးလာခြင်းနှင့်   အရည်အသွေး မြင့်မားမှု၏ ကောင်းမွန်ထိုက်တန်သော တန်ဖိုးကို နားလည်သဘောပေါက်လာခြင်းကြောင့်       ဖြစ်ပါ သည်။                  

      (ဆက်လက်ဖော်ပြပါမည်)