ဝိုင်ဘီအက်စ်ယာဉ်များတွင် EPS ကတ်စနစ် အရှိန်မြှင့်ဆောင်ရွက်ရန် YRTC နှင့် လုပ်ငန်းရှင်အကြား သဘောတူလက်မှတ်ရေးထိုး

 

ရန်ကုန်   ဇန်နဝါရီ   ၃၀

 


လူဦးရေအထူထပ်ဆုံးသော ရန်ကုန်မြို့ ကြီးတွင် နေ့စဉ်ခရီးသည်သွားလာမှုနှင့် စီးနင်းမှုအများဆုံးဖြစ်သည့် ဝိုင်ဘီအက်စ် ယာဉ်များတွင်     ခေတ်စနစ်နှင့်အညီ ပြည်သူများအဆင်ပြေစေရန် ရည်ရွယ်၍ Electronic Payment System(EPS) ကတ်စနစ်ကို အရှိန်မြှင့်ဆောင်ရွက် ရန်   လုပ်ငန်းရှင်ကုမ္ပဏီဖြစ်သော Asia Starmar Transport Intelligent နှင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှု  ကော်မတီတို့ အကြား နှစ်ဖက်သဘောတူလက်မှတ်ရေးထိုးပွဲကို  ရန်ကုန်မြို့  YRTC  ရုံးချုပ်၌ ဇန်နဝါရီ ၂၇ ရက်က ကျင်းပသည်။

 


အဆိုပါ     ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီနှင့် လုပ်ငန်းရှင်  Asia Starmar Transport   Intelligent  တို့အကြား ဒုတိယပြင်ဆင်ချက် သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲတွင် YRTC မှ ဒုတိယ ဥက္ကဋ္ဌ ဦးချစ်ကိုကို၊ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်နှင့် ကော်မတီမှတာဝန်ရှိ သူများ၊  Asia   Starmar   Transport Intelligent  မှ ဥက္ကဋ္ဌ  ဦးသူရလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ရန်ကုန်မြို့၌  YPS ငွေပေးချေကတ် စနစ်ကို ပြီးခဲ့သော   ၂၀၁၉  ခုနှစ်မှ  စတင် ကာ အဆိုပါကုမ္ပဏီဖြင့် စာချုပ်ချုပ်ဆို  ဆောင်ရွက်ခဲ့ရာ ကိုဗစ်ရောဂါအခြေအနေ ကြောင့်        ရပ်တန့်သွားသလိုဖြစ်ခဲ့ပြီး လက်ရှိအချိန်တွင်          ဝိုင်ဘီအက်စ် ယာဉ်လိုင်းပေါင်း ၃၆ လိုင်းမှ ယာဉ်အစီး ရေပေါင်း   ၁၉၀၄ စီးတွင်    ပြန်လည် လည်ပတ်       အသုံးပြုလျက်ရှိသည်။ ပြည်သူများအကြား ငွေပေးချေ ကတ် ဖြန့်ချိထားမှုအနေဖြင့်      ကတ်ပေါင်း တစ်သိန်းဝန်းကျင် ဖြန့်ဖြူးထားပြီးဖြစ်ရာ ကတ်ပေါင်း    ခုနစ်သောင်းနီးပါးတွင်  ငွေဖြည့်သွင်းမှုပြုလုပ်ကာ    အသက်ဝင် လျက်ရှိသည်။  ဝိုင်ဘီအက်စ်ယာဉ်များ ပေါ်တွင် နေ့စဉ်စီးနင်းလိုက်ပါ အသုံးပြု နေသော ပြည်သူများမှာ  ကတ်သုံးသောင်း ကျော်အထိ အသုံးပြုလျက်ရှိသည်။

 


ယခုလတ်တလောတွင် ကတ်အသစ် အသုံးပြုမည့် ပြည်သူများအား ယခင် ကဲ့သို့ ငွေဖြည့်ကတ်တစ်ကတ်ကို ငွေကျပ် နှစ်ထောင်ဖြင့် ရောင်းချမည်မဟုတ်ဘဲ ငွေပေးချေကတ်အတွင်း ကနဦး ငွေကျပ် သုံးထောင် ဖြည့်သွင်းရုံဖြင့် ငွေပေးချေ ကတ်ကို သက်ဆိုင်ရာက အခမဲ့ပေးသွား မည်ဖြစ်ကြောင်း၊ ကတ်အတွင်း ငွေဖြည့် သွင်းရာတွင်လည်း   ငွေကျပ်တစ်ထောင်မှ ငါးသောင်းအထိ ဖြည့်သွင်းနိုင်ကြောင်း၊ ရန်ကုန်မြို့အတွင်းရှိ  ဝိုင်ဘီအက်စ်မှတ် တိုင်များအနီး၌  YPS  ကတ်အရောင်းဆိုင် ၁၄ ဆိုင်နှင့် ၂၄ နာရီအရောင်းဆိုင်များ ဖြစ်သော G & G အရောင်းဆိုင် ၆၇ ဆိုင်တို့ တွင် ရောင်းချမည်ဖြစ်ပြီး မိုဘိုင်းစနစ်ဖြင့် လည်း ရန်ကုန်မြို့အတွင်း  လှည့်လည်၍ လိုက်လံဖြန့်ဖြူးမည်ဖြစ်ကြောင်း သိရ သည်။              

 

မြင့်မိုရ်၊ ဓာတ်ပုံ- မင်းထက်