
ကေကေစိုး
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် အင်္ဂလန် တွင် ကိုဗစ် - ၁၉ ကန့်သတ်ချက်များကို အဆုံး သတ်လိုက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်တွင် ကြေညာခဲ့သည်။
ကြေညာခဲ့
ကာလရှည်ကြာ ချမှတ်ထားသည့် ကိုဗစ် -၁၉ စည်းကမ်းသတ်မှတ်ချက်များကို ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း ပါလီမန်တွင် ကြေညာခဲ့သည်။ ကိုဗစ်-၁၉ နှင့်အတူယှဉ်တွဲနေထိုင်ခြင်း မူဝါဒကို ပါလီမန် တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း အဖြေထွက်ထားသည့် လူတစ်ယောက်မှာ သီးခြားခွဲ၍ နေထိုင်စရာမလို တော့ကြောင်း၊ ယခုသီတင်းပတ်ဖေဖော်ဝါရီ ၂၄ရက် မှစတင်ကာ ယင်းအစီအစဉ်အတိုင်း ပြုလုပ် သွားမည် ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ပြောသည်။
စတင်ကြိုးပမ်းနေပြီဖြစ်
ဆောင်းရာသီကုန်ဆုံးသွားသည့်အခါ ဗိုင်းရပ်စ် ကူးစက်မှုသည်လည်း တဖြည်းဖြည်းလျော့နည်း သွားမည်ဖြစ်ပြီး ဧပြီ ၁ ရက်မှ စတင်ကာ ရောဂါ လက္ခဏာ ပြသည်ဖြစ်စေ မပြသည်ဖြစ်စေ ဆေးစစ်မှုများ ပြုလုပ်သွားတော့မည်မဟုတ်ဟု ၎င်းကပြောကြားသည်။ ဗြိတိန်နိုင်ငံသည် ကိုဗစ်- ၁၉နှင့် ယှဉ်တွဲနေထိုင်နေရေးအတွက် စတင် ကြိုးပမ်းနေပြီဖြစ်ပြီး အခက်ခဲဆုံးကာလကို ကျော်ဖြတ်ပြီးသည့်နောက်တွင် ဂုဏ်သိက္ခာရှိသည့် အချိန်ကိုရောက်ရှိမည်ဟု ဘောရစ်ဂျွန်ဆင်က ပြောသည်။
ပြောင်းလဲသွားမည်
ကပ်ရောဂါမှာ အဆုံးမသတ်သေးသော်လည်း ပုံမှန်လူမှုနေထိုင်မှုဘဝသို့ ပြန်လည်ရောက်ရှိစေရေး အတွက် ကာကွယ်ဆေးထိုးနှံမှုများကို လုပ်ဆောင် ပေးခဲ့ကြောင်း၊ မိမိကိုယ်တိုင်နှင့် အခြားသောသူ များကို အကာအကွယ်ပေးနိုင်ရန် ကြိုးပမ်းနေစဉ် ပြည်သူများကို လွတ်လပ်ခွင့်များ ပြန်လည်ပေးနိုင် ပြီဖြစ်ကြောင်း ပြောသည်။ ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးသူ ၈၅ ရာခိုင်နှုန်းရှိသည်ဟု နောက်ဆုံး ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရ သည်။
ဗြိတိန်နိုင်ငံတွင် အသက် ၁၂ နှစ်နှင့်အထက် ကိုဗစ် - ၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးသူ ၉၁ ရာခိုင်နှုန်းရှိပြီး နှစ်ကြိမ်ကာကွယ်ဆေးထိုးပြီး သူ ၈၅ ရာခိုင်နှုန်းရှိသည်ဟု နောက်ဆုံးထုတ်ပြန် ထားသည့်အချက်အလက်များအရ သိရသည်။ တတိယအကြိမ် ကာကွယ်ဆေးထိုးပြီးသည့် အရေအတွက်မှာ ၆၆ ရာခိုင်နှုန်းရှိသည်။
ဗြိတိန်အစိုးရသည် အစိုးရကထုတ်ပြန်ထား သည့် ကန့်သတ်ချက်များကို မိမိကိုယ်တိုင်အသိ စိတ်ဖြင့်လိုက်နာရမည့်အရာများအဖြစ် ပြောင်းလဲ သွားမည်ဖြစ်ပြီး အနာဂတ်တွင် ဗိုင်းရပ်စ်ကူးစက်မှု များဖြစ်ပေါ်လာပါကလည်း ကိုင်တွယ်ဖြေရှင်းရန် အတွက် အရေးပေါ်အခြေအနေများကို ထိန်းသိမ်း သွားမည်ဖြစ်သည်။
အန္တရာယ်ရှိသည့်အပြုအမူ
ဗြိတိန်နိုင်ငံရှိ ပြည်သူများသည် မိမိကိုယ်ကို ယုံကြည်ချက်များ ပြန်လည်ရရှိရန် လိုအပ်သည်ဟု လည်း ဘောရစ်ဂျွန်ဆင်ကပြောသည်။ အခြားသူ များအတွက် စဉ်းစားပေးရန် အတင်းအကျပ် ရွေးချယ်သည့်နည်းလမ်းကို အသုံးပြုခဲ့သည်။
လက်တွေ့ကျသည့် နည်းလမ်းများ၊ အကြံဉာဏ် များပေးခြင်းဖြင့် မိမိကိုယ်တိုင် အသိစိတ်ဖြင့် နေထိုင်လာနိုင်မည်ဖြစ်သည်။ အနာဂတ်တွင်ဖြစ် ပေါ်လာနိုင်သည့် အန္တရာယ်များကို စီမံခန့်ခွဲနိုင်ရန် ဗြိတိန်နိုင်ငံက ရည်ရွယ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ သို့သော်လည်း ဆေးဘက်ဆိုင်ရာပညာရှင်များ၊ သိပ္ပံပညာရှင်များ ကမူ ယခုကဲ့သို့ပြုမူခြင်းမှာ အန္တရာယ်ရှိသည့် အပြုအမူဖြစ်သည်ဟု စိုးရိမ်နေကြသည်။
စောလွန်းနေသေး
နေ့စဉ်ကူးစက်မှုများ ဆက်လက်များပြားနေစဉ် ယခုကဲ့သို့ ကန့်သတ်ချက်များကို ဖြေလျှော့ပေးလိုက် ခြင်းမှာ စောလွန်းနေသေးသည်ဟု ပြောကြားခဲ့ကြ သည်။ သိပ္ပံပညာရှင်နှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူပေါင်း ၁၃၀၀ကျော်မှာ ဗြိတိန်နိုင်ငံ ၏ ထိပ်တန်းဆေးဘက်ဆိုင်ရာ အစိုးရအရာရှိကြီး နှစ်ဦးထံ အကြံပြုစာများပေးပို့ခဲ့ကြသည်။
ကိုဗစ် -၁၉ ဆေးစစ်မှုများ၊ ထောက်လှမ်းမှုများ နှင့် သီးခြားခွဲနေရမည့်ကာလကို ရပ်တန့်တော့မည် ဟူသောအချက်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့ကြ သည်။ အစိုးရသည် မှော်တုတ်တံကိုတစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ကိုဗစ် - ၁၉ ခြိမ်းခြောက်မှုကို အပြီးတိုင် ပျောက်ဆုံးသွားရန် စွမ်းဆောင်နိုင်မည် မဟုတ်ဟု အမျိုးသားဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုမှ အမှုဆောင်အရာရှိချုပ် မက်သရူး တိုင်လာက ပြောသည်။
ရောဂါကူးစက်မှုတစ်ဖန်များပြားလာစေနိုင်
နိုင်ငံတစ်ဝန်းလုံးမှ ဆရာဝန်များကို ကိုယ်စား ပြုသည့် ဗြိတိန်ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း (ဘီအမ်အေ)ကမူ ကန့်သတ်ချက်များအားလုံးကို အဆုံးသတ်လိုက်ခြင်းမှာ လက်ရှိအချက်အလက် များအပေါ် အခြေခံခြင်းမရှိဟု ပြောကြားခဲ့သည်။ ကိုဗစ် - ၁၉ ဆေးစစ်ချက်ကို အဆုံးသတ်လိုက်ခြင်း နှင့် သီးခြားခွဲနေထိုင်ခြင်းကို ဖယ်ရှားပေးလိုက် ခြင်းတို့ကြောင့် ရောဂါကူးစက်မှုများကို တစ်ဖန် များပြားလာစေနိုင်သည်ဟုလည်း ဘီအမ်အေက ပြောသည်။
ကူးစက်မှုများလျော့ကျရန်လို
စည်းကမ်းချက်များကို ဖြေလျှော့ပေးခြင်း မတိုင်မီ ကူးစက်မှုများအရင်လျော့ကျရန် လိုအပ် သည်ဟု ဘီအမ်အေအဖွဲ့အစည်းမှ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ ချန်းနက်ပေါလ်က ပြောသည်။ သိပ္ပံပညာ ရှင်များ အတူတကွလုပ်ကိုင်နေကြသည့် အမှီအခို ကင်းမဲ့သည် အက်စ်အေဂျီအီးသည် ကိုဗစ် - ၁၉ အကျပ်အတည်းကာလတွင် သိပ္ပံနည်းကျ အချက် အလက်များကို ထောက်ပံ့ပေးလျက်ရှိသည်။
ရှုတ်ချခဲ့
အဆိုပါ အဖွဲ့အစည်းကလည်း အခမဲ့ဆေးစစ် ပေးမှုများ ရပ်တန့်တော့မည်ဟူသော အချက်ကို ရှုတ်ချခဲ့သည်။ အစိုးရကအခမဲ့ဆေးစစ်ပေးမှုများ ကိုရပ်တန့်လိုက်ခြင်းဖြင့် လူများပိုမိုဖျားနာ လာခြင်းနှင့် သေဆုံးသူဦးရေတိုးလာခြင်းတို့ ဖြစ် ပေါ်လာမည်ကို စိုးရိမ်နေရကြောင်း အဆိုပါ အဖွဲ့အစည်းက ပြောသည်။
ဆက်လက်ရှောင်ရှားသွားမည်
နောက်ထပ် မျိုးကွဲများပေါ်ပေါက်လာမည့် အရေးနှင့် အမျိုးသားကျန်းမာရေးဝန်ဆောင်မှု အပေါ်ဝန်ပိမည်ကိုလည်း ပူပန်နေကြရသည်။
ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းအထိ ဗြိတိန်နိုင်ငံ၌ ကိုဗစ် - ၁၉ ကူးစက်ခံရသူပေါင်း ၁၈၆၅၄၅၇၂ ဦးရှိပြီး သေဆုံးသူ ၁၆၀၆၁၀ ရှိလာသည်ဟု တရားဝင်အချက်အလက်များအရ သိရသည်။ ဇီဝဓာတုရုပ်ပိုင်းဆိုင်ရာပညာရှင် ဒေါက်တာအာဒမ်စကွဲသည် လူကို ဗိုင်းရပ်စ် ကူးစက်ရန် လေထုထဲတွင် မည်သို့သွားလာ ကြောင်း လေ့လာသူတစ်ဦးလည်း ဖြစ်သည်။
၎င်းက အပြင်ထွက်သည့်အခါသတိထားပြီး ဘားများနှင့် စားသောက်ဆိုင်များသွားလာခြင်း ကိုလည်း ဆက်လက်ရှောင်ရှားရမည်ဟု ဆင်ဟွာ သို့ပြောသည်။
ကိုးကား - ဆင်ဟွာ
- Log in to post comments