ဝေါမြို့နယ်ရှိ ဒေသခံပြည်သူ ၈၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး တံတားတစ်စင်းကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော် ဇန်နဝါရီ   ၂၆ 
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ရှိ အညာစုကျေးရွာနှင့် အထက်ဝိုင်း ပတ်ကျေးရွာတို့မှ ဒေသခံပြည်သူ ၈၀ ကျော်ကို ဇန်နဝါရီ ၂၄ ရက် တွင်    လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး    အညာစုကျေးရွာ နှင့် အထက်ဝိုင်းပတ်ကျေးရွာကို ဆက်သွယ်ထားသည့်    သစ်သား တံတားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊   သတင်းမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများ က လူမှုကွန်ရက်ပေါ်တွင် မဟုတ် မမှန်  ရေးသားဖြန့်ဝေနေသည်ကို တွေ့ရသည်။
ဖြစ်စဉ်အမှန်မှာ ဇန်နဝါရီ ၂၄ ရက်က   တည်ငြိမ်အေးချမ်းမှုကို လိုလားသည့်    ဒေသခံပြည်သူ တစ်ဦး၏    သတင်းပေးပို့မှုအရ အကြမ်းဖက်သောင်းကျန်းသူများ က ဝေါမြို့နယ် ကျေးရွာများအတွင်း ဝင်ရောက်၍   ဒေသခံပြည်သူများ ကို    လူသစ်စုဆောင်းခြင်းနှင့် ငွေကြေးကောက်ခံမှုများ ပြုလုပ် နေကြောင်း    သတင်းရရှိသည့် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ က ၎င်းကျေးရွာသို့ သွားရောက်၍ နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ က  ကျေးရွာချင်းဆက်    တံတား တစ်ခုကို    မီးရှို့ထွက်ပြေးသွားခဲ့ ကြောင်း သိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် သတင်းတု၊ သတင်း မှားများကို     ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားပြီး ဒေသခံပြည်သူ များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြား  အထင်အမြင်လွဲမှားစေ ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်းစေရန် လူမှု ကွန်ရက်    စာမျက်နှာများတွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေ ခြင်းသာဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်