
ဝေါ ဧပြီ ၂၃
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဝေါ-ကြာလဟာ-ဦးမိုးစုလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ဝေါမြို့နယ် ညောင်ခါး ရှည် လုံခြုံရေးနှင့်စစ်ဆေးရေးစခန်းကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့်တွေ့ဆုံရာ နွေစပါးတိုးချဲ့စိုက်ပျိုး နိုင်ရေး၊ ဆီထွက်သီးနှံ(နေကြာ) တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဧပြီလကုန်အပြီး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးနှင့် နိုင်(၄)စာရင်းများ Server ထဲသို့ ဧပြီလအကုန်အပြီး ထည့်သွင်းနိုင်ရေး၊ တစ်လလျှင် ကျေးရွာ ၁၀ ရွာ စိုက်ပျိုးရေးနှင့် မွေးမြူ ရေးလုပ်ငန်းများ အသိပညာပေးဆောင်ရွက်မှုများရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည် များဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိုင်(၄)စာရင်းများ Server အတွင်းသို့ ထည့်သွင်းနေမှုကို ကြည့်ရှု အားပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဒိုက်ဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိကာ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံပြီး ကျန်းမာရေး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ် သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ဒိုက်ဦးမြို့နယ် ဒိုးတန်းကျေးရွာ တောင်သူဦးစိုး ၏ (မိုးစပါး၊ ပဲတီစိမ်း၊ နွေစပါး) သုံးသီး၊ သီးနှံ ပုံစံစိုက်ခင်းသို့ ကြည့်ရှုပြီး ဟတ်တာကွက်များ ဖော်ထုတ်ရန်၊ ဆည်လက်တံရေပေးမြောင်းများ ပြန်လည်တူးဖော်နိုင်ရေးနှင့် ပတ်ဝန်းကျင်တောင်သူ များအား တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးနိုင်ရေး အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်ကြရန် တာဝန်ရှိသူများကိုမှာကြားကာ တောင်သူများအား ဓာတ်မြေဩဇာ အိတ် ၂၀ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
သတင်းစဉ်