“ဝ”အထူးဒေသ(၂)မိုင်းမောမြို့၌ ပန်းခင်းစီမံချက်အဆင့်(၂)စတင်ခြင်း အခမ်းအနားပြုလုပ်

 

ဟိုပန်   ဒီဇင်ဘာ ၃၀
ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကို    ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာ   ယမန်နေ့က     “ဝ” အထူးဒေသ  (၂)၊    မိုင်းမောမြို့  မြို့နယ်ခန်းမ၌   ပန်းခင်းစီမံချက်  အဆင့်  (၂)စတင်ခြင်းအခမ်းအနား  ပြုလုပ်သည်။
 အခမ်းအနားတွင် “ဝ”ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ       ဦးညီနပ်က  နိုင်ငံတော်အစိုးရ၏  ပန်းခင်းစီမံ ချက်ဖြင့်  အိမ်ထောင်စုလူဦးရေ စာရင်းနှင့်   နိုင်ငံသားစိစစ်ရေး ကတ်ပြားများ  ဆောင်ရွက်ပေးမှု အခြေအနေ၊  နိုင်ငံသားစိစစ်ရေး ကတ်ပြား    ကိုင်ဆောင်ခြင်းဖြင့် ရရှိလာမည့်  အကျိုးကျေးဇူးများ၊ “ဝ” အထူးဒေသ(၂)  အတွင်း ဆက်လက် ဆောင်ရွက်ပေးမည့် အခြေအနေများကို        အသိပေး ရှင်းလင်း       ပြောကြားသည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီး မှူး ဦးမျိုးညွန့်က  ပန်းခင်းစီမံချက် ဖြင့် ဆောင်ရွက်ပေးမည့် အစီအစဉ် များကို ရှင်းလင်းပြောကြားသည်။
ပန်းခင်းစီမံချက်အဆင့် (၂)ဖြင့် “ဝ”အထူးဒေသ(၂)၊  နမ့်တစ် မြို့တွင်  ၉၀ ရာခိုင်နှုန်းဆောင်ရွက် ပေးခဲ့ပြီးဖြစ်ကာ       ယခုအခါ မိုင်းမောမြို့နယ်၊        ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်သို့  ဆက်လက် ဆောင်ရွက်ပေးသွားမည်ကြောင်း သိရသည်။        
ခရိုင်(ပြန်/ဆက်)