ဝဿာန်မိုးရာသီ တေးသီချင်းများဖျော်ဖြေပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်   ဩဂုတ်  ၂၅


ဝဿာန်မိုးရာသီ တေးသီချင်းများ ဖျော်ဖြေပွဲ၏ ပွဲစဉ်(၁၃)ကို ဩဂုတ် ၂၇ ရက် သောကြာနေ့  ည ၈ နာရီ သတင်းအပြီးတွင်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌  ထုတ်လွှင့်ပြသမည် ဖြစ်သည်။ 


ယင်းအစီအစဉ်ကို  ဂီတချစ်သူများ တေးဂီတအဖွဲ့၏ တီးခတ်မှု နှင့်အတူ တေးသံရှင်များဖြစ်ကြသည့် တက္ကသိုလ်ကိုကိုဇော်၊ ထက်မြက် စိုး၊ အံ့ကျူးမောင်၊ ထက်အာကာကျော်၊ ရဲရင့်ဝေလွင်၊ မေထူးကျော်၊ စုလှိုင်မျိုးသိန်း၊ ဝင့်နဒီထက်နှင့် ဘိုမတို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။ 


ထိုသို့ တင်ဆက်မှုကို ဩဂုတ် ၂၉ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင်   ဒုတိယအကြိမ်   ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။                                                  

သတင်းစဉ်