
နေပြည်တော် ဇွန် ၂
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်း မှုအရ နေပြည်တော်သို့ ရောက်ရှိ နေသည့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) ဒုတိယ ဥက္ကဋ္ဌ ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဦးလော့ယာကု ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၇ နာရီခွဲတွင် နေပြည် တော်မှ မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာသွားသည်။
“ဝ” ပြည် သွေးစည်းညီညွတ် ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဆွေးနွေး ရေးအဖွဲ့ခေါင်းဆောင် ဦးဆောင် သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့အား အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်းရင်းသား တိုင်းရင်းသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများက ထာဝရ ငြိမ်းချမ်းရေး ရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ် အမှန် ဖြစ်သည်၊ ငြိမ်းချမ်းရေး ရရှိ ရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တွေ့ဆုံ ဆွေးနွေးကြပါစို့၊ တိုင်းရင်းသား တွေစည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ် အေးချမ်းရ စသည့်စာသားပါ ဆိုင်းဘုတ်များနှင့် နိုင်ငံတော် အလံငယ်များကို ကိုင်ဆောင်၍ နေပြည်တော်ရှိ Horizon Lake View Resort ၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
သတင်းစဉ်