
နေပြည်တော် နိုဝင်ဘာ ၁
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင်၏ အသိပညာ မျှဝေခြင်း အစီအစဉ် Knowledge Sharing Program အရ “ဦးစီး တာဝန်နှင့် ရုံးအုပ်ချုပ်မှု အနုပညာ” ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နန္ဒာမွှန်းက Knowledge Sharing ပြုလုပ်ခြင်းသည် မျက်မှောက် ကာလတွင် ရေပန်းစားလျက်ရှိပါ ကြောင်း၊ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆောင်ပုဒ် အတိုင်း ကော်မရှင်ရုံး ဝန်ထမ်းများ ကိုလည်း ဝန်ထမ်းကောင်းများ ဖြစ်လာစေရေး ဦးတည်ပါကြောင်း၊ Knowledge Sharing သည် စာသင်သည်ထက် အဆများစွာ ပိုမိုထိရောက်ပါကြောင်း၊ စာသင် ခြင်းသည် စာအုပ်ထဲမှစာကို သီအိုရီအရ နားလည်အောင် သင်ကြားခြင်းဖြစ်ပြီး အတွေ့ အကြုံကိုမျှဝေခြင်းသည် ရုံးလုပ်ငန်း ဆောင်ရွက်ရာတွင် ပိုမိုထိရောက် အောင်မြင်ပါကြောင်းနှင့် တက် ရောက်လာကြသည့် အရာထမ်း၊ အမှုထမ်းများက သေချာစွာ လိုက်နာ မှတ်သားစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်က ဦးစီးတာဝန်နှင့် ရုံးအုပ်ချုပ်မှု အနုပညာ (Staff Duty and The Fine Art of Office Management ) ခေါင်းစဉ်ဖြင့် Strategic Management ၊ ဦးစီးတာဝန်၊ ပြီးပြည့်စုံသော ဦးစီး လုပ်ငန်း၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်ရှိခြင်း၊ ဆွေးနွေးပွဲနှင့် အစည်းအဝေးများ ပြုလုပ်ခြင်း၊ အစည်းအဝေးနီတိ၊ အစည်း အဝေး ဆုံးဖြတ်ချက်အပေါ် အကောင်အထည် ဖော်ခြင်း၊ သင်တန်း တက်ရောက်ခြင်းနှင့် သင်တန်း၏ အရေးပါပုံ၊ အခမ်း အနားမှူး၏ တာဝန်ဝတ္တရားများ၊ လူလုံခြုံရေး၊ ပစ္စည်းလုံခြုံရေးနှင့် သတင်းလုံခြုံရေး၊ Checking and Managing ၊ ဆုံးဖြတ်ခြင်းနှင့် အုပ်ချုပ်မှု၏ အင်္ဂါရပ်များ၊ အသိ နှင့် အလုပ်၊ ခေါင်းဆောင်မှုနှင့် ခေါင်းဆောင်မှုအရည်အချင်းများ၊ လုပ်ငန်းအောင်မြင်ရေး သော့ချက်၊ ပြည်သူ့ဝန်ထမ်းနှင့် သက်ဆိုင် သော အထူးအလေးထားရမည့် ပြဋ္ဌာန်းချက်များ၊ အဂတိတရား(၄)ပါး၊ ဆောင်ရန်၊ ရှောင်ရန်များ၊ အဖွဲ့အစည်းဆိုင်ရာ ကျင့်ဝတ်နှင့် ဝန်ထမ်း တစ်ဦးချင်းဆိုင်ရာ ကျင့်ဝတ်စသည်တို့ကို ရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာ ကြသည့် ကော်မရှင်အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များကို ဆွေးနွေး မေးမြန်းကြသည်။
ဆွေးနွေးပွဲသို့ ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အရာ ထမ်း/ အမှုထမ်းများ၊ ကော်မရှင် ရုံးခွဲများမှ အရာထမ်း/အမှုထမ်း များ စုစုပေါင်း ၈၃ ဦး တက်ရောက် ကြသည်။
သတင်းစဉ်