
နေပြည်တော် အောက်တိုဘာ ၂၈
စင်ကာပူနိုင်ငံ၌ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက် အထိ ကျင်းပပြုလုပ်လျက်ရှိသော 14th Singapore International Energy Week ကာလအတွင်း အောက်တိုဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် U.S. – ASEAN Energy & Innovation Forum သို့ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်း ဝန် ဦးသန်းဇော်နှင့် အဆင့်မြင့် အရာရှိများက Video Confere-ncing စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။
အဆိုပါဖိုရမ်သို့ U.S Depart-ment of Commerce မှ တာဝန် ရှိပုဂ္ဂိုလ်များ၊ အာဆီယံနိုင်ငံများမှ စွမ်းအင်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများနှင့် ကိုယ်စားလှယ် များ၊ နိုင်ငံတကာစွမ်းအင် ကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ် များ၊ နိုင်ငံတကာတက္ကသိုလ် များမှ ပညာရှင်များ တက်ရောက်ခဲ့ကြသည်။
U.S.– ASEAN Energy & Innovation Forum တွင် အမေရိ ကန် စွမ်းအင်ကဏ္ဍနှင့် အာဆီယံ စွမ်းအင်ကဏ္ဍတို့၏ နည်းပညာ တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက် ရေး အခွင့်အလမ်းများနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံ Department of Commerce ၊ စင်ကာပူနိုင်ငံ Energy Market Authority ၊ Bloom Energy (South-East Asia) ၊ Electric Power Research Institute (EPRI) နှင့် Durapower တို့မှ အဆင့်မြင့် အရာရှိကြီးများက Energy Intensity လျှော့ချရေး၊ စွမ်းအင်စဉ်ဆက်မပြတ် သုံးစွဲနိုင် ရေး၊ စွမ်းအင်အကျိုးရှိ ထိရောက် စွာအသုံးပြုနိုင်ရေးနှင့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ စိန်ခေါ်မှု များအပေါ် ထုတ်ဖော်ဆွေးနွေး ခဲ့ကြပြီး Hydrogen, Floating Solar, Offshore Wind Energy, Carbon Capture Storage နှင့် Smart Grid စသည့် ကဏ္ဍများ၏ တီထွင်ဆန်းသစ်မှုများနှင့် စပ်လျဉ်း ၍လည်း နှီးနှောဖလှယ်ဆွေးနွေး ပြောကြားခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်