ဥရောပတွင် ကိုဗစ် - ၁၉ ကူးစက်မှုများ ပို၍များပြားလာ

 

ပါရီ   ဇန်နဝါရီ    ၂


နှစ်သစ်ကူးကာလတွင် ဥရောပ နိုင်ငံများ၌ ကိုဗစ် -၁၉ကူးစက်ခံရ သူဦးရေမှာ  များပြားလာခဲ့သည်။
ပြင်သစ်နိုင်ငံတွင် ဒီဇင်ဘာ ၃၁ ရက် နေ့စဉ် ကူးစက်ခံရသူ ဦးရေမှာ ၂၃၂၂၀၀ အထိရှိလာ သည်။ ယင်းနေ့မတိုင်မီတစ်ရက် က ပြင်သစ်နိုင်ငံ နေ့စဉ်ကူးစက် မှုမှာ ၂၅၀၀၀ ရှိခဲ့သည်။

 


လာမည့်   သီတင်းပတ်များ အတွင်း ဗိုင်းရပ်စ်ကို နှိမ်နင်းရန် မှာ     စိန်ခေါ်မှုဖြစ်လာမည်ဟု ပြင်သစ်သမ္မတ   အီမန်နျူရယ် မက်ခရွန်က  ပြောသည်။ ထို့ပြင် ကာကွယ်ဆေးထိုးကြရန်  အရေး ကြီးကြောင်းကိုလည်း  ပြင်သစ် သမ္မတက   ပြောသည်။   ဗြိတိန် နိုင်ငံတွင်လည်း    နောက်ထပ် ကူးစက်ခံရသူပေါင်း   ၁၈၉၈၄၆ ဦး   တိုးလာပြီး ဂရိနိုင်ငံတွင်လည်း နေ့စဉ်ကူးစက်မှုမှာ    ၄၀၅၆၀ ဝန်းကျင်တွင် ရှိသည်။  အီတလီ နိုင်ငံတွင်လည်း      နောက်ထပ် ကူးစက်ခံရသူ ၁၄၄၂၃၄ ဦးရှိသည်။

 


အဆိုပါ ကိန်းဂဏန်းများမှာနိုင်ငံသုံးနိုင်ငံတွင်    အမြင့်ဆုံး ပမာဏလည်းဖြစ်သည်။ အိုမီခရွန် ကူးစက်မှုမှာ     ပျံ့နှံ့လျက်ရှိပြီး  နှစ်သစ်ကူးတွင်လည်း    ရောဂါ ကူးစက်မှု            လျော့ကျသွားမည့် လက္ခဏာ မရှိချေ။  

အေအက်ဖ်ပီ