ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ (၁၄) ကြိမ်မြောက် နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ မင်္ဂလာအခမ်းအနားကျင်းပ

 

နေပြည်တော်   ဧပြီ   ၁၇
(၁၄) ကြိမ်မြောက် နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ     မင်္ဂလာအခမ်းအနား ကို  ယနေ့နံနက်ပိုင်းတွင်   ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၌ ကျင်းပသည်။
အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏       သြဝါဒါစရိယ   နေပြည်တော် လယ်ဝေးမြို့ပေါက်မြိုင်ကျောင်းတိုက်  ပဓာနနာယက အဘိဓဇ မဟာ ရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ မဟာထေရ်မြတ် ကြီး အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက် တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ဒုတိယ ဝန်ကြီး ဦးအေးထွန်းနှင့် ဦးထွန်းအုံ၊ နေပြည်တော် ကောင်စီဝင်များ၊   နေပြည်တော်  တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စိုးဦး၊ ဂေါပကအဖွဲ့ဝင် များ၊ တာဝန်ရှိသူများနှင့် ဘုရားဖူးလာပြည်သူများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် ဥပ္ပါတသန္တိစေတီတော်မြတ် ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယ နေပြည်တော် လယ်ဝေးမြို့   ပေါက်မြိုင်ကျောင်းတိုက်    ပဓာန နာယက    အဘိဓဇ    မဟာရဋ္ဌဂုရု   ဘဒ္ဒန္တဇနိန္ဒ မဟာထေရ်မြတ်ကြီးထံမှ       သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင် အမှူးပြုသော ဌာနဆိုင်ရာအကြီး အကဲများ၊ ဧည့်သည်တော်များက ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးများ  ရွတ်ပွား သရဇ္စျာယ်တော်မူသည့်  ရတနသုတ်၊ မေတ္တသုတ် ပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာ များကို နာယူကြည်ညိုကြသည်။

 


ယင်းနောက်   သာသနာရေးနှင့်  ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ အကြီးအကဲများကဆရာတော်ကြီးများအား  လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။ 

 


ထို့နောက်    ဥပ္ပတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏    သြဝါဒါစရိယ   နေပြည်တော် လယ်ဝေးမြို့  အင်းသာအရှေ့ကျောင်းတိုက်  ပဓာန နာယက အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ပဏ္ဍိတ  မဟာထေရ်မြတ်ကြီးထံမှ   အနုမောဒနာ တရားနာကြားကြပြီး     လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။ 

 


ယင်းနောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏     သြဝါဒါစရိယ   နေပြည်တော် လယ်ဝေးမြို့    ပေါက်မြိုင်ကျောင်းတိုက်   ပဓာန နာယက အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ မဟာ ထေရ်မြတ်ကြီး အမှူးပြုသော ဆရာတော်၊ သံဃာ တော်များက ကမ္ဘာသူ ကမ္ဘာသားများနှင့် မြန်မာနိုင်ငံ သူ နိုင်ငံသားများ ကျန်းမာချမ်းသာ၍ ဘေးအန္တရာယ် ကင်းရှင်းစေရန်   နေပြည်တော်ကောင်စီနယ်မြေ အတွင်း ရဟတ်ယာဉ်ဖြင့် လှည့်လည်၍ နှစ်သစ်ဦး မင်္ဂလာ  အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြပြီး   ပရိတ်ရေများ ဖျန်းပက်ကာ မေတ္တာပို့သကြသည်။      

 

သတင်းစဉ်