ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်တစ်ဦးအား ၎င်း၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

 

နေပြည်တော် အောက်တိုဘာ  ၄
နိုင်ငံတော်     စီမံအုပ်ချုပ်ရေး ကောင်စီသည်   PDF   အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး   အမည်ခံ ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိ သည့်    အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား   ဥပဒေ ဘောင်အတွင်းသို့     ပြန်လည် ဝင်ရောက်ရန်  ဖိတ်ခေါ်၍ ဥပဒေ ဘောင်အတွင်းသို့ ဝင်ရောက်လာ သူများကို လိုအပ်သည့်ကူညီပံ့ပိုးမှု များ   ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်း များဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ   ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း   ထုတ်ပြန် ထားရှိပြီးဖြစ်ရာ ယနေ့နံနက်ပိုင်း တွင်လည်း ပြစ်မှုကျူးလွန်ခြင်း မရှိသော   PDF  အဖွဲ့မှ   အလင်း ဝင်ရောက်လာသူတစ်ဦးအား မိဘ အုပ်ထိန်းသူများထံ    ပြန်လည် လွှဲပြောင်းပေးအပ်ခြင်းကို  ရှမ်း ပြည်နယ်(မြောက်ပိုင်း) တန့်ယန်း မြို့ရှိ  တပ်နယ်ခန်းမ၌   ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ  တာဝန်ရှိသူ များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက် လာသူနှင့်   မိဘအုပ်ထိန်းသူ များ တက်ရောက်ကြသည်။
ဦးစွာ    တာဝန်ရှိသူတစ်ဦး က  အမှာစကား  ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှု ကျူးလွန်ခြင်းမရှိခဲ့သော မန္တလေး တိုင်းဒေသကြီး အမရပူရမြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသမီးတစ်ဦး ကို ဝန်ခံကတိလက်မှတ်ရေးထိုးစေ ကာ  ထောက်ပံ့ငွေများ ပေးအပ်ပြီး ၎င်း၏ မိဘအုပ်ထိန်း သူများထံသို့      လွှဲပြောင်းအပ်နှံ ပေးသည်။  
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ    ဥပဒေဘောင် အတွင်း    ဝင်ရောက်လာသူများ အား   ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်         ကူညီပံ့ပိုးမှု များ ဆောင်ရွက်ပေးလျက်ရှိခြင်း ကြောင့်  ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်    ဆန္ဒရှိ သူများ   ကျန်ရှိနေသေးကြောင်း သိရှိရပြီး   ဥပဒေဘောင်အတွင်း ပြန်လည်   ဝင်ရောက်လိုသူများ အနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊      တပ် စခန်းများနှင့်     ရဲစခန်းများသို့ အမြန်ဆက်သွယ်  သတင်းပေးပို့ လာပါက  ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်း    သတင်းရရှိ သည်။ 
သတင်းစဉ်