
နေပြည်တော် နိုဝင်ဘာ ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါ အဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက် ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းနှင့် လက်နက်/ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ယနေ့တွင် ပြစ်မှုကျူးလွန် ခြင်းမရှိသော PDF အဖွဲ့မှ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူ များထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန် ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေးနှင့်တရားဥပဒေဆိုင်ရာ ပုဒ်မများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော KIA နှင့် PDF အဖွဲ့ဝင် ၁၀ ဦးတို့သည် ၎င်းတို့နှင့်အတူပါလာသည့် AK-47 လေးလက်၊ KO လက်နက်ငယ် နှစ်လက်၊ AK-47 (၄၀) တွဲ တစ်လက်၊ 79 နှစ်လက်၊ စနိုက်ပါ တစ်လက် နှင့် ၅ ဒသမ ၅၆ ကျည်အတောင့် ၄၅၀၊ ၇ ဒသမ ၆၂ စနိုက်ပါကျည်အတောင့် ၁၅၀၊ ၄၀ မမ ဗုံးသီး ၂၉ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁၆လုံး၊ ကျည်အိမ်မျိုးစုံ ၂၇ ခုနှင့် ဆက်စပ်ပစ္စည်းများကို အပ်နှံကြရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ထောက်ပံ့ ငွေစုစုပေါင်းငွေကျပ် ၁၆၅ သိန်း ပေးအပ်သည်။ ထို့နောက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ တစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားကြောင်းနှင့် လက်နက်/ခဲယမ်းများ အတွက် ဆုကြေးငွေများကို ဆက်လက်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အလားတူ ပြစ်မှုကျူးလွန်ခြင်းမရှိသော ပဲခူး တိုင်းဒေသကြီး ပြည်မြို့မှ PDF အဖွဲ့ဝင် အမျိုးသား တစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့မှ PDF အဖွဲ့ဝင် အမျိုးသမီးတစ်ဦးတို့အား အရှေ့တောင်တိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် သင်္ကန်းညီနောင် တပ်နယ် မြဝတီခန်းမ၌ နယ်မြေခံတပ်နယ်မှ တာဝန် ရှိသူများက ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်း ပေးအပ်ပြီး ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ် ရာများ ထောက်ပံ့ပေးအပ်သည်။
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လက်နက်/ ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေးငွေများ ပေးအပ်လျက်ရှိခြင်း နှင့် လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး လျက်ရှိခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေး ကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်း များသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်