
နေပြည်တော် အောက်တိုဘာ ၅
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိ သည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေ ဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေ ဘောင်အတွင်းသို့ ဝင်ရောက်လာ သူများကို လိုအပ်သည့် ကူညီပံ့ပိုး မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်း များဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ထားရှိပြီးဖြစ်ရာ ယနေ့ မွန်းလွဲပိုင်း တွင် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့မှ အလင်းဝင်ရောက် လာသူများအား မိဘအုပ်ထိန်းသူ များထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်းနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် လက်နက်၊ ခဲယမ်းများ ဖော်ထုတ်ဖမ်းဆီးရမိ ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အား ဂုဏ်ပြုချီးမြှင့်ခြင်းကို အနောက်တောင်တိုင်း စစ်ဌာန ချုပ် ဧရာဝတီခန်းမ၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် အဖွဲ့ဝင် များ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၊ ဥပဒေဘောင် အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် တိုင်းမှူးတို့က အမှာ စကား အသီးသီးပြောကြားပြီး ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန် ခြင်းမရှိသော ဧရာဝတီတိုင်းဒေသ ကြီး ကျုံပျော်မြို့နယ်နှင့် ရေကြည် မြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုး သားလေးဦးတို့ကို ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်းတို့ ၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးပြီး ထောက်ပံ့ ပစ္စည်းများနှင့် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ် သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန် ရှိသူများက နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် လက်နက်၊ ခဲယမ်း များ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ခန်းမအတွင်း ခင်းကျင်းပြသထား သည့် နယ်မြေလုံခြုံရေးဆောင်ရွက် စဉ် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လက်နက်၊ ခဲယမ်းများကို ကြည့်ရှု ကြသည်။
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ ဥပဒေဘောင် အတွင်း ဝင်ရောက်လာသူများ အား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိ နေသေးကြောင်း သိရှိရပြီး ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက် လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့ လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေ များ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်