
နေပြည်တော် ဩဂုတ် ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက် ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိ နေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက် ရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက် လာသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းနှင့် လက်နက်/ ခဲယမ်းများဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ များကို ဆုကြေးငွေများ သီးသန့်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ခဲ့ပြီး ဖြစ်သည်။
ယင်းသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန် ဖိတ်ခေါ် လျက်ရှိသဖြင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း နယ်မြေများအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှု ကျူးလွန်ခြင်းမရှိသည့် ဥပဒေဘောင် အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင် များအား ပြန်လည်လက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်းကို ဩဂုတ် ၄ ရက် မွန်းလွဲ ပိုင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြန်လည်အလင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘ အုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က နယ်မြေဒေသတည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများ ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့ သော ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ စမ်းချောင်း မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှည်းကူး မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မ မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ဓနုဖြူ မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ မြို့နယ်တို့မှ PDF အဖွဲ့ဝင်အမျိုးသား ၁၄ ဦးတို့သည် ၎င်းတို့နှင့် အတူပါလာသည့် ၉ မမ ပစ္စတို တစ်လက်၊ ၎င်းကျည်အိမ် နှစ်ခု၊ ၉ မမ ကျည်အတောင့် ၂၀၊ RPG တစ်လက်၊ ဒုံးသီး တစ်လုံးနှင့် ပို့ကျည် တစ်တောင့်တို့ကို အပ်နှံကြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်ခံ ရယူပြီး (ဝဲပုံ) ၉ မမ ပစ္စတိုဖြင့် အလင်း ဝင်ရောက်လာသူ ၁ ဦးအား ဆုကြေးငွေသိန်း ကျပ် ၂၀၊ RPG ဖြင့် အလင်းဝင်ရောက် လာသူ ၁ ဦးအား ဆုကြေးငွေကျပ် ၇၅ သိန်းနှင့် အလင်းဝင်ရောက်လာသူ ၁၄ ဦးတို့အတွက် ထောက်ပံ့ငွေကျပ် ၁၅ သိန်း၊ စုစုပေါင်းငွေကျပ်သိန်း ၁၁၀ ၊ ထောက်ပံ့ ပစ္စည်းနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ အလင်းဝင်ရောက်လာသူများ က လက်ခံရယူကြသည်။ ယင်းနောက် အလင်းဝင်ရောက်လာသူများအား ဝန်ခံ ကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်း ပေးအပ်သည်။
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက် လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးကာ လက်နက်/ခဲယမ်းများ ပါရှိမှု အတွက် ဆုကြေးငွေများ ထိုက်ထိုက် တန်တန် ထောက်ပံ့ပေးအပ်လျက်ရှိခြင်း ကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန်ဆန္ဒရှိသူများ ကျန်ရှိနေသေး ကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန် ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်း နှင့် လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများအား ထိုက်တန်စွာပေးအပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်