
နေပြည်တော် စက်တင်ဘာ ၁၄
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန် ခြင်းမရှိခဲ့သည့် ဥပဒေဘောင် အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များကို ပြန်လည်ကြိုဆို လက်ခံ၍ ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ် လျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင် မကွေး တိုင်းဒေသကြီး စေတုတ္တရာ မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ နှင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ နယ်မြေခံ တပ်ရင်းခန်းမတို့၌ ပြန်လည်ကြိုဆို လက်ခံခြင်း အခမ်းအနားကို ပြုလုပ်ရာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေ ဘောင်အတွင်း ဝင်ရောက်လာသူ များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်း သူများ တက်ရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေဆိုင်ရာ ပုဒ်မ များကို ရှင်းလင်းဆွေးနွေး ပြော ကြားသည်။ ထို့နောက် ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင် ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သော မကွေးတိုင်းဒေသကြီးစေတုတ္တရာမြို့နယ်အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား ၁၄ ဦးနှင့် ပဲခူးတိုင်းဒေသကြီး ကြို့ပင် ကောက်မြို့နယ်နှင့် အုတ်ဖို မြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသားလေးဦးနှင့် အမျိုးသမီး နှစ်ဦးတို့ကို ဝန်ခံကတိလက်မှတ် ရေးထိုးစေကာ ထောက်ပံ့ပစ္စည်း များပေးအပ်ပြီး ၎င်းတို့၏ မိဘ အုပ်ထိန်းသူများထံသို့ လွှဲပြောင်း အပ်နှံပေးသည်။
PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော် ၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင် ပူးပေါင်း ဆောင်ရွက်နိုင်ရေး သတ်မှတ် စည်းကမ်းချက်များ နှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝ သို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွား မည်ဖြစ်ကြောင်း နိုင်ငံတော် အစိုးရက ထုတ်ပြန်ထားပြီး ဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လျက်ရှိကြ သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူ များက ၎င်းတို့၏ မိဘအုပ်ထိန်းသူ များထံသို့ လွှဲပြောင်းအပ်နှံပေး လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်