ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

 

နေပြည်တော်  မေ    ၉


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း   သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန် ခြင်းမရှိခဲ့သည့်    ဥပဒေဘောင် အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆို လက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်း သူများထံသို့   လွှဲပြောင်းပေးအပ် လျက်ရှိရာ    မေ   ၈  ရက်တွင် ကချင်ပြည်နယ်    ပူတာအိုမြို့ရှိ ဗန္ဓုလခန်းမ၌   မိဘအုပ်ထိန်း သူများထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို      ပြုလုပ်ခဲ့ပြီး မြောက်ပိုင်းတိုင်း  စစ်ဌာနချုပ်၊ ပူတာအိုတပ်နယ်မှ    တာဝန်ရှိ သူများ၊   ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၊   ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊  ရပ်မိရပ်ဖ များ တက်ရောက်ကြသည်။

 


ဦးစွာ    တာဝန်ရှိသူများက အမှာစကားများ ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှု ကျူးလွန်ခြင်းမရှိခဲ့သော  ကချင် ပြည်နယ်ပူတာအိုမြို့၊ နောင်မွန်မြို့ နှင့် ဝိုင်းမော်မြို့တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား တာဝန်ရှိသူများက ခံဝန်ကတိ     လက်မှတ်ရေးထိုး စေကာ   ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး    ၎င်းတို့၏     မိဘ အုပ်ထိန်းသူများထံသို့ လွှဲပြောင်း အပ်နှံပေးကြသည်။

 


PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော် ၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင် ပူးပေါင်း    ဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ     ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝ  သို့     ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက    ကြိုဆိုလက်ခံ သွားမည်ဖြစ်ကြောင်း နိုင်ငံတော် အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်း  မရှိသော PDF  အဖွဲ့ဝင်များက   တိုင်းဒေသ ကြီးနှင့်   ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း  ပြန်လည် ဝင်ရောက်လျက်    ရှိကြသဖြင့် သက်ဆိုင်ရာ     တာဝန်ရှိသူများ က   ၎င်းတို့၏    မိဘအုပ်ထိန်း သူများထံသို့     လွှဲပြောင်းအပ်နှံ ပေးလျက်ရှိကြောင်း  သတင်းရရှိ သည်။


သတင်းစဉ်